0

By အိဖြူလွင်
ACM Re-Post 19-6-2014

နိုင်ငံ၏ လူမှုစီးပွားရေး တိုးတက်ရန် လျှပ်စစ်စွမ်းအား ဖွံ့ ဖြိုးရန် လိုအပ်သောကြောင့် ဖြစ် နိုင်ခြေရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရေ အားလျှပ်စစ်စီမံကိန်း ငါးခုကို ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက ဇွန်လ ၁၈ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ပြောကြားလိုက်သည်။

‘‘လူမှုစီးပွားဖွံ့ဖြိုးဖို့ဆိုရင် လျှပ်စစ်စွမ်းအားက မရှိမဖြစ်လို ပါတယ်။ ဒီဟာကို သိလျက်နဲ့ ကျွန်တော်တို့တွေက လုပ်သင့် လုပ်ထိုက်တာကို မလုပ်ဘူးဆိုရင် တာဝန်မကျေဖြစ်မှာ စိုးရိမ်ပါ တယ်။ မလုပ်ဘဲ ထားမယ်ဆိုရင် ဆိုးကျိုးတွေကို နောင်ခံစားရမှာဖြစ်လို့ ဆောင်ရွက်သင့်တာ ဆောင်ရွက်ဖို့ဆိုတာ ကျွန်တော် ဒီလိုပဲ သုံးသပ်မိတယ်’’ ဟု ရေ အားလျှပ်စစ်စီမံကိန်းများ ဆောင် ရွက်ရန် လိုအပ်ပုံကို သူရဦးရွှေ မန်း ပြောကြားသည်။

အကျိုးတူပူးပေါင်းဆောင် ရွက်ရေး လက်မှတ်ရေးထိုးပြီး ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်နိုင်မှု အကျိုး ဆက်များ အစီရင်ခံစာများကို ရေးဆွဲထားပြီးဖြစ်သည့် သံလွင် မြစ်ပေါ်ရှိ ကွမ်းလုံရေအားလျှပ် စစ်စီမံကိန်း၊ မေခမြစ်ပေါ်ရှိ ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း၊ မေလိခ မြစ်ပေါ်ရှိ လိုင်ဇာရေအားလျှပ်စစ် စီမံကိန်းတို့အပါအ၀င် ဖြစ်နိုင်ခြေ ရှိသည့် အစီရင်ခံစာ ပြီးစီးထားပြီး နှစ်ဖက်သဘောတူညီမှု စာချွန် လွှာအဆင့် လက်မှတ်ရေးထိုး ထားသည့် သံလွင်မြစ်ပေါ်ရှိ နောင်ဖရေအားလျှပ်စစ်စီမံကိန်း နှင့် သံလွင်မြစ် လက်ထက်တွင် တည်ဆောက်မည့် မန်တောင်းရေ အားလျှပ်စစ်စီမံကိန်းတို့ကို ဆက် လက် လုပ်ဆောင်သွားမည်ဟု လျှပ်စစ်စွမ်းအားဌာန ဒုတိယ၀န် ကြီး ဦးမော်သာထွေးက ပြော ကြားသည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ မေးမြန်းမှုကြောင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက လုပ် ဆောင်မည့် အစီအစဉ်များကို နိုင်ငံတော် သမ္မတနှင့် ညှိနှိုင်း၍ လွှတ်တော်တွင် ၀န်ကြီးဌာနက လာရောက်ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ ဓာတ်အားလို အပ်ချက်အရ ယခုအချိန်ထိ တပ် ဆင်ဓာတ်အားထုတ်နိုင်မှု ပမာဏ မှာ ၄၃၂၆ မဂ္ဂါဝပ်သာရှိပြီး အ ပြည့်အ၀ ထုတ်နိုင်ခြင်း မရှိသေး ဘဲ နှစ်စဉ်ဓာတ်အားလိုအပ်ချက် ၁၃ ရာခိုင်နှုန်း တိုးမြှင့်သွားပါက နောင်လာမည့် ၂၀၃၀-၃၁ ခုနှစ် မဂ္ဂါဝပ် ၂၃၅၉၄ မဂ္ဂါဝပ်ခန့် လို အပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န် ကြီးဌာနက တင်ပြထားသည်။

ဖြစ်နိုင်ခြေလေ့လာမှုများ ပြီး စီးပါက လိုအပ်သည့်သဘာဝပတ် ၀န်းကျင်နှင့် လူမှုစီးပွားဘ၀ ထိ ခိုက်နိုင်မှု လေ့လာဆန်းစစ်သည့် EIA, SIA အစီရင်ခံစာများကို နာ မည်ကြီးသော တတိယအဖွဲ့အ စည်းများအား ငှားရမ်း၍ လုပ် ဆောင်သွားမည်ဖြစ်ပြီး ပြည်သူ လူထုကိုလည်း ချပြရှင်းလင်းမည် ဟုဦးမော်သာထွေးက ပြောကြားသည်။

ယခုဖြစ်နေသည့် ပြဿနာ များပြေလည်စေရန် EIA,SIA အ စီရင်ခံစာများကို နာမည်ကြီး တ တိယအဖွဲ့အစည်းများသို့ တာဝန် ပေးနိုင်ရန်လည်း လိုအပ်မည်ဟု ဦးရွှေမန်းက ပြောသည်။ ထို့ပြင် စီမံကိန်းများကြောင့် ပြောင်းရွှေ့ ခံရသူများကို ထိုက်သင့်သည့် လျော်ကြေးပေးသော်လည်း အ လုပ်အကိုင် ရရှိရန် ဖန်တီးမပေး နိုင်သည့်အတွက် ပြဿနာကြီး များ ဖြစ်နေခြင်းဖြစ်ပြီး အဆိုပါ ပြဿနာကို ပြေလည်အောင် ဖြေ ရှင်းနိုင်ပါက အဆင်ပြေနိုင်မည် ဟု သူရဦးရွှေမန်းက ဆက်လက် ပြောကြားသွားခဲ့သည်။

သံလွင်မြစ်တစ်နေရာ (ဓာတ်ပုံ − အိဖြူမွန်)

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top