0

အင်္ဂလန်အသင်းဟာ ဒီကနေ့ည ကစားတဲ့ ပွဲမှာ ဥရုဂွေးအသင်းကို ၂ - ၁ ဂိုးနဲ့ ရှုံးနိမ့်သွားတာကြောင့် အိမ်ပြန်ရဖို့ အသေချာဆုံး အသင်းဖြစ်သွားပါတယ်။ အုပ်စု (D) မှာ အီတလီ၊ ကော်စတာရီကာ၊ ဥရုဂွေးတို့ဟာ ၃ မှတ်စီ ရရှိထားလို့ နောက်တဆင့် တက်ရေး အတွက် အသင်းတိုင်းမှာ မျှော်လင့်ချက်တွေရှိကြပေမယ့် ၂ ပွဲကစားပြီး တမှတ်မှ မရသေးတဲ့ အတွက် အင်္ဂလန်ဟာ အုပ်စုက လှည့်ပြန်ရဖို့ အသေချာဆုံးအသင်းဖြစ်ခဲ့ပါတယ်။

ဥရုဂွေး အသင်းအတွက် အဖွင့်ဂိုးနဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို လီဗာပူးအသင်းတိုက်စစ်မှူး လူးဝစ် ဆွာရက်က ပထမပိုင်း ၃၉ မိနစ်နဲ့ ဒုတိယပိုင်း ၈၅ မိနစ်တို့မှာ သွင်းယူပေးသွားတာဖြစ်ပါတယ်။ အင်္ဂလအသင်းရဲ့ တလုံးတည်းသောချေပဂိုးကို မန်ယူတိုက်စစ်မှူး ရွန်းနီက ၇၅ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ရော၊ ဥရုဂွေးရော ၂ သင်းလုံးက အုပ်စု ပထမပွဲစဉ်တွေမှာ အီတလီနဲ့ ကော်စတာရီကာတို့ကို အသီးသီးရှုံး ထားတာကြောင့် နောက်တဆင့်တက်ရေး မျှော်လင့်ချက်အတွက် အနိုင်ရရှိဖို့ အကြိတ်အနယ် ကစားခဲ့ကြပေမယ့် လူးဝစ် ဆွာရက်ရဲ့ အဆုံးသတ်သေချာတဲ့ ဂိုးတွေဟာ အင်္ဂလန်အသင်းကို အုပ်စုအဆင့်မှာ အိမ်ပြန်ရဖို့ သေချာစေခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဥရုဂွေးကို အနိုင်ကစားထားတဲ့ ကော်စတာရီကာ အသင်းနဲ့ ၂၄ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး ဥရုဂွေး အသင်းကတော့ အင်္ဂလန်အသင်းကို နိုင်ထားတဲ့ အီတလီ အသင်းနဲ့ အဲဒိနေ့မှာပဲ ကစားကြရမှာဖြစ်ပါတယ်။ သုံးမှတ်စီ ရရှိထားပြီဖြစ်တဲ့ အီတလီနဲ့ ကော်စတာရီကာ အသင်းတို့ကတော့ ဒီကနေ့ (ဇွန်လ ၂၀ ရက်နေ့) မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲမှာ ကစားကြမှာဖြစ်ပါတယ်။

Aye Chan Mon Credit To:The Irrawaddy (Burmese Version)
http://www.ayechanmon-news1.com/

Post a Comment

 
Top