0
ACM Re-post 16-6-2014

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂၅) ရပ်ကွက် ပျံကျဈေးအနီး သရက်ချောင်းလမ်းနှင့် ယုဇနလမ်းထောင့်တွင် ဇွန် ၁၄ ရက်နေ့ ည ၁၂ နာရီ ကျော်က စကားထိုင်ပြောနေသော အမျိုးသားနှစ်ဦးကို အရက်မူးနေသူ အမျိုးသားတစ်ဦးက ဓားဖြင့် ဝင်ထိုးရာမှ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အပိုင် (၃) ရာအိမ်မှူး ဦးမောင်စောက ပြောကြားသည်။

တစ်ရက်ကွက်တည်းနေသူ အသက် ၂၈ နှစ်အရွယ် ကိုသန်းဝင်းက အလုပ်မှ ပြန်လာပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုလင်းကိုဦးနှင့် အတူ စကားထိုင်ပြောနေစဉ် အသက် ၂၂ နှစ်အရွယ် ကိုသူရအောင် (ခ) နဂါးလေး ရောက်ရှိလာပြီး နှစ်ကြိမ်ခန့် ရန်ရှာခဲ့သည်ကို ၎င်းတို့နှစ်ဦးက တောင်ပန်ခဲ့ကြာင်း၊ တတိယအကြိမ် ကိုသူရအောင် (ခ) နဂါးလေး ထပ်မံရောက်ရှိလာကာ ကိုသန်းဝင်းကို ဖက်၍ ဘယ်ဘက်ရင်ညွန့်ကို ဓားဖြင့် နှစ်ချက်ထိုးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းနောက် ကိုလင်းကိုဦးကို လက်မောင်းတွင် သုံးချက်၊ ဘယ်ဘက်ရင်အုံ နှစ်ချက်ထိုးကာ ထွက်ပြေးသွားကြောင်း၊ ဓားထိုးခံရသော ဒဏ်ရာများကြောင့် ကိုသန်းဝင်းမှာ သင်္ဃန်းကျွန်း စံပြဆေးရုံ၌ သေဆုံးခဲ့ကြောင်း အမှတ် (၂၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အန်တီတို့က ၁၂ နာရီ ၂၀ လောက်မှ သားက ဈေးဆိုင်ခုံပေါ်မှာ သွေးတွေ ရွှဲပြီး လဲနေတာ တွေ့ရတယ်” ဟု သေဆုံးသူ၏ မိခင် ဒေါ်အေးဝင်းက ပြောပြသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကိုသူရအောင် (ခ) နဂါးလေးကို (ပ) ၅၅၄/ ၁၄ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

နွေဦး

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top