0

ACM Re-Post 4-6-2014

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း တို့မှာ မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုငးတို့မှာ အားနည်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာ သာယာနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ် နှိုင်ပြီး၊ ရခိုင် နဲ့မြစ်ဝကျွန် ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးများတွင်းပေါ် ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် (၁)ပေမှ(၂)ပေခန့် နဲ့ ကျန်မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် (၁)ပေခန့် ရှိနှိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ပဲခူးတိုင်းဒေသကြီး တို့တွင် နေ့အပူချိန်ဟာ 37°C - 39°C ခန့်၊ ကျန်ပြည်နယ်များအားလုံး နဲ့ တို့တွင် 30°C - 34°C ခန့် ရှိနှိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန် နေသော တန်ဘိုးများကို တနင်္သာရီတိုင်းဒေသကြီး နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှ လွဲ၍ မြန်မာတစ်နှိုင်ငံလုံး ကျရောက်နှိုင်ပါသည်။ အထူးသဖြင့် ကော့သောင်းမြို့(၁၀.၄) ၊ ထားဝယ် (၁၁.၈)၊ မော်လမြိုင် (၁၁.၆) ရန်ကုန်(၁၀.၃) ၊ နေပြည်တော်(၁၂.၀) ၊ မကွေး(၁၂.၁)၊ မန္တလေး(၁၁.၈) နဲ့ မြစ်ကြီးနား (၁၁.၉) တို့တွင် လည်းကောင်း ရောက်ရှိနေနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ညနေပိုင်း အချိန်များတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနှိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နဲ့ ကယားပြည်နယ် တို့တွင်နေရာကွက်ကျား နဲ့ ကျန်ပြည်နယ် နဲကတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

(ဒီကနေ့(၄-၆-၂၀၁၄)ရက်နေ့မှာ ဘိုကလေးမှာ ဟောပြောပွဲအတွက် ညအိပ်ရမှာအို့ မနက်ဖန်အတွက် မိုးလေ၀သ ခန့်မှန်းချက်ကို ကြို တင်ပေးသွားပါတယ်။ ကျန်းမာရေးအရ နယ်ပွဲများမလိုက်သော်လည်း ဒီတစ်ခါတော့ အကြောင်းကြောင်းကြောင့် ပါသွားပါတယ်။)

Aye Chan Mon Credit To: Tun Lwin
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top