0

ACM Re-Post 21-6-2014

သံဃာတော်ငါးပါး
ပြန်ပေးဆွဲသွား
လွတ်သွားဖို့အရေး
အာမခံလဲပေး
ငွေသိန်းတစ်ထောင်နဲ့ရွေး
ငွေကြေးပေး ရွေးရတဲ့
ပြန်ပေးအဆွဲသန်တဲ့ ဒီနိုင်ငံ…။

ငွေမျက်နှာကလွဲ
ဘယ်သူ့မျက်နှာမှမကြည့်ဘဲ
အတင့်ရဲတဲ့ မိစ္ဆာတတွေ
နေရာတကာ အသာနေတော့
အသေနာမှာ မသိကြဘူးပေါ့။

ဝေလေလေ..အို မိစ္ဆာတို့ရေ
ငရဲပြည်မှာ နှစ်တသောင်းနေ
ငရဲအရသာ ခံကြည့်ပေါ့လေ
အလိုက်ထိုက်နေ ကြိုက်ပါစေ…။

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၂၀ ၁၄)

Aye Chan Mon Credit To:တက္ကသိုလ် ဘုန်းကြွယ်
http://www.ayechanmon-news1.com/

Post a Comment

 
Top