0

ACM Re-Post 19-6-2014

လူငယ်ချင်းရန်ဖြစ်၍ ကျောင်းထုတ်ခံခဲ့ရသော မုံရွာ နည်းပညာတက္ကသိုလ် ကျောင်း သား ၁၂ဦးက တိုင်းဒေသကြီးဝန် ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတထံ အသနားခံခဲ့ကြောင်း သတင်းရရှိ သည်။

‘‘မတ်လ ၁၀ရက်တုန်းက အ ချင်းချင်းရန်ဖြစ်တဲ့ကိစ္စနဲ့ ကျောင်း သား၁၂ဦးကို ကျောင်းအုပ်ဆရာ ကြီးကခေါ်ပြီး စစ်ဆေးခဲ့ပါတယ်။ ရန်ဖြစ်ပြီး နှစ်ရက်အကြာမှာခေါ် ပြီး စစ်ဆေးတာတစ်ကြိမ်တည်း ပါ။ စစ်ဆေးပြီး ဘာမှမပြောတဲ့ အတွက် ကျောင်းပြန်တက်ကြပါ တယ်။ စာမေးပွဲလည်း ၀င်ဖြေ တယ်။ သုံးလလောက်ကြာတဲ့အ ချိန်မှာ သုံးဦးကို ရာသက်ပန်၊ ကိုး ဦးကို ၂ နှစ်နားပြစ်ဒဏ်ပေးခဲ့ပါ တယ်။ နည်းပညာတက္ကသိုလ်ဘာ သာရပ်တွေဆက်လက်သင်ယူခွင့် ရရှိရေးအတွက် အသနားခံပါ တယ်’’ဟု မုံရွာနည်းပညာတက္က သိုလ်ကျောင်းသားတစ်ဦးက မုံရွာ သို့ရောက်ရှိနေသော နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အား ပြောကြားသည်။

‘‘နည်းပညာတက္ကသိုလ်က အဖြစ်အပျက်က အခြားတက္က သိုလ်တွေမှာလည်း ကြုံတွေ့ခဲ့ရ ပါတယ်။ သမ္မတကြီးဆီမှာအသ နားခံတင်ပြရမယ်။ သမ္မတကြီးက သေဒဏ်ကနေတောင် ပယ်ဖျက် ခွင့်ရှိတဲ့သူဆိုတော့ ဒီကိစ္စဖြေရှင်းပေးနိုင်ပါလိမ့်မယ်’’ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး ဦးအောင်မင်းက နည်းပညာတက္ကသိုလ်ကျောင်းသားများ မေးမြန်း ချက်ကို ဖြေကြားသည်။

Aye Chan Mon Credit To: 7 Days Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top