0

လူကြီးလူကောင်းတွေနဲ့
စကားပြောတဲ့ အခါ ကိုယ်ခန္ဓာ နဲ့
ခေါင်းခြေကို ငြိမ်ငြိမ်ထားရတယ်။
လက်ကားရား ၊ ခြေကားရားမလုပ်ရဘူး။
ခြေထောက်ကြီးတွေကို
ရှေ့ကိုလည်း ထုတ်မထားနဲ့။
နောက်ကိုလည်း ပြန်သွင်းမထားနဲ့။
ဘာပြုလို့လဲဆိုတော့ ခြေထောက်ကြီး တွေကို
ရှေ့ထုတ်ထားရင် မယဉ်ကျေးရာ ရောက်သွားတာပေါ့။
တစ်ခါ နောက်ကို သွင်းထားပြန်တော့လည်း
ကြောက်ရွံ့နေရာ ရောက်ပြန်ရော။
ဒါကြောင့် အနေတော်ဖြစ်အောင်
ပုံမှန်ကျအောင် လုပ်ရမယ်။

( မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ )

Aye Chan Mon Credit To: Young Buddhist's Association
http://www.ayechanmon-news1.com/

Post a Comment

 
Top