ACM Re-Post 2-6-2014
ရန်ကုန်၊ ဇွန် ၁-၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီမှ ရခိုင်ပြည် နယ်ရှိ လစ်လပ်မဲ ဆန္ဒနယ်သုံးနေရာလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ယင်း ပါတီမှသိရသည်။
ရခိုင်အမျိုးသားပါတီမှ ပထမ ခေါင်းဆောင် ဦးအေးသာအောင်က ''ကိုယ်စား လှယ်လောင်းတော့ မရွေး ရသေးဘူး။ ရွေးကောက် ပွဲကော်မ ရှင်က မြို့နယ်အလိုက်သတ်မှတ်ပြီး တာနဲ့ ဗဟိုက ရွေးချယ် သွားမှာ ဖြစ်ပါ တယ်''ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် မင်းပြားမြို့ နယ်တွင် ပြည်သူ့လွှတ်တော် တစ် နေရာ၊ အမှတ်(၄)မဲဆန္ဒနယ် အမျိုး သား လွှတ်တော်နှင့် ပြည်နယ် လွှတ် တော်အတွက် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တို့ လစ်လပ်လျက်ရှိသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုအ လုပ်အမှုဆောင်ကော်မတီ ဦးမျိုး ကျော်က ''လစ်လပ် မဲဆန္ဒနယ်က သုံးနေရာရှိပေမယ့် မြို့နယ်ကတော့ မင်းပြားမြို့နယ်နဲ့ ဂွမြို့နယ် နှစ်မြို့ နယ် တည်းပါ။ ရခိုင်အမျိုးသားပါတီက ရခိုင်က အဓိက ပါတီကြီးနှစ်ခု ကို ပေါင်းထားတာဖြစ်တဲ့အတွက် ပြည် သူလူထုရဲ့ ထောက် ခံမှုနဲ့ ပေါ့ပေါ့ ပါးပါးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည် ပါတယ်'' ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
HM [--Democracy today Daily Newspaper--]
Aye Chan Mon Credit To:Yangon Media Group
https://www.facebook.com/
ayechanmon-news1.com
Post a Comment