0


နန်းလွင်နှင်းပွင့်| ACM Re-Post 2-6-2014

လွှတ်တော်တွင်လုပ်သမျှသည် အမှန်တွေချည်းမဟုတ်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဇွန် ၁ ရက်က ၎င်း၏ မဲဆန္ဒနယ်မှ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

လွှတ်တော်တွင်း ဆွေးနွေးချက်များ၊ အဆိုတင်သွင်းချက်များ၊ ဥပဒေပြဋ္ဌာန်းချက်များစသဖြင့် လုပ်ဆောင်ချက်အားလုံးတို့ကို ပြည်သူများက စောင့်ကြည့်သွားရန်နှင့်လိုအပ်ပါက ပြောဆိုသွားရန် လိုအပ်သည်ဟု အင်န်အယ်ဒီပါတီဝင်၊ ဒေါ်ဖြူဖြူသင်းက သတိပေးပြောဆိုလိုက်သည်။

“လွှတ်တော်မှာ လုပ်ဆောင်တာတွေအကုန်လုံးက အမှန်တွေချည်းပဲမဟုတ်ဘူး။ အကောင်းတွေချည်းပဲ မဟုတ်ဘူး၊ ထောက်ပြပြောဆိုကြပါ” ဟု ၎င်းကပြောသည်။

လွှတ်တော်တွင်း ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို ပြန်ပြင်ရန်လိုအပ်သည်များ ရှိသည်ဟု ပညာရှင်များက ထောက်ပြပြောဆိုထားပြီး ထိုသို့ပြဋ္ဌာန်းပြီး ပြန်လည်ပြင်ဆင်နေရခြင်းများမှာ ဥပဒေနှင့်သက်ဆိုင်သည့် သူများ၊ ပြည်သူများကို မေးမြန်းတိုင်ပင်ခြင်းမရှိဘဲ ပြဋ္ဌာန်းခဲ့မှုများကြောင့်ဖြစ်သည်ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

မင်္ဂလာတောင်ညွန့်နေထိုင်သူများမှ ရပ်ကွက်အပိုင်အဖြစ်ထားရှိထားသည့် အုပ်ချုပ်ရေးမှူးရုံးခန်း တစ်ခန်းအား ကြံ့ခိုင်ရေးပါတီမှ တံခါးပိတ်ထားသဖြင့် ပြန်လည်ရနိုင်ရန် ပြောဆိုမှုများ၊ ရပ်ကွက်တွင်း ရေမလာသည့်ကိစ္စရပ်များ၊ လောင်းကစားဝိုင်းများ ပိတ်ပေးစေရန် ကိစ္စရပ်များအား ပြောဆိုခဲ့သည်။

ဒေါ်ဖြူဖြူသင်းက မြို့နယ်နေပြည်သူများနှင့် ဒုတိယမြောက်တွေ့ဆုံခြင်းဖြစ်ပြီး နှစ်လတစ်ကြိမ် တွေ့ရန်စီစဉ်ထားသည်။

Aye Chan Mon Credit To:Mizzima - News in Burmese
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment

 
Top