ဇာနည်အောင်| ACM Re-Post 2-6-2014
ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများကို ပညာရေးဝန်ကြီးဌာနက ကြောက်စရာမလိုဘဲ ၎င်းတို့၏ တောင်းဆိုချက်များ၊ မကျေနပ်ချက်များကို သေချာနားထောင်၍ ဖြည့်ဆည်းပေးသင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇွန်လ ၁ ရက်တွင် ပြုလုပ်သော တက္ကသိုလ်များ၏ စီမံခန့်ခွဲမှုနှင့် အရည်အသွေးအာ မခံဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောသည်။
“ဆရာတွေကိုနိမ့်ကျစွာမထားဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ သူတို့တွေရဲ့ လိုအပ်ချက်တွေကို ပညာရေးဝန်ကြီးဌာနက နားထောင်ပြီး ဆန္ဒတွေကို မပစ်ပယ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပညာရေးပြုပြင်ပြောင်းလဲရန် ကျောင်းများ၏ အခြေခံလိုအပ်ချက်ဖြည့်ဆည်း ပေးရမည့်အပြင် ဆရာ၊ ဆရာမများ၏ လူနေမှုဘ၀မြင့်မားရေးပါ စဉ်းစားပေးရမည်ဟုဆိုသည်။ ထို့ပြင် တက္ကသိုလ် ကျောင်းသားများ၏ အဆောင်များတွင် ၎င်းအဆင့်နှင့် ညီညွတ်သော လူနေမှုဘ၀ပုံစံမျိုးရှိမှသာ ကျောင်းနေပျော်သော ကျောင်းသားများဖြစ်လာမည်ဟု ဆိုသည်။
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က“ပညာရေးကိ
ဆွေးနွေးပွဲသို့ တက္ကသိုလ်ပေါင်း ၅၄ ခုမှ ပါမောက္ခချုပ်များ တက်ရောက်ခဲ့ပြီး အဆင့်မြင့် ပညာရေးဥပဒေ၊ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင်တက္ကသိုလ်ဥပဒေတို့ကို ယခုနှစ်အတွင်း ရေးဆွဲပြဋ္ဌာန်းပြီးစီးနိုင်ရေး ဆွေးနွေးခဲ့သည်။
Aye Chan Mon Credit To:Mizzima - News in Burmese
https://www.facebook.com/
ayechanmon-news1.com
Post a Comment