ACM Re-Post 5-6-2014
Written by: အောင်သူငြိမ်း
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်များ ထုတ်ပေးနေသော်လည်း မကွေးတိုင်း၊ မင်းဘူးမြို့ မန်းရေနံမြေနှင့် ဆက်စပ်နေသည့် ကျေးရွာပေါင်း ၂၀ ခန့်မှ လယ်ယာမြေများအတွက် ဇွန်လဆန်းပိုင်းအထိ ယင်းလက်မှတ် မရသေးသည့်အပြင် မေလကုန်ပိုင်းက မန်းရေနံမြေနှင့် ဆက်စပ်နေသော ဈေးဆိုင်နှင့် နေအိမ်အချို့ ပုဒ်မ ၁၄၄ နယ်မြေအဖြစ် သတ်မှတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
မန်းရေနံမြေ ဧရိယာကို တောင်ဘက်တွင် ဆားပွက်ချောင်းမှ မြောက်ဘက်တွင် မန်းချောင်းအထိ၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်မှ အနောက်ဘက်တွင် ကြီးပင်ကန်ရွာအထိဟု သတ်မှတ်ထားသောကြောင့် ယင်းဧရိယာအတွင်း ပါဝင်နေသည့် ကျေးရွာပေါင်း ၂၀ ခန့်မှ လယ်ယာမြေများအတွက် ပိုင်ဆိုင်ခွင့်လက်မှတ် တင်ထားသော်လည်း ယနေ့ထိ ပိုင်ဆိုင်ခွင့်လက်မှတ်များ မရရှိသေးကြောင်း အဆိုပါ သတ်မှတ်ချက်အတိုင်း အတည်ဖြစ်ပါက မင်းဘူးမြို့ တစ်မြို့လုံးလည်း မန်းရေနံမြေ ဧရိယာအတွင်း ပါဝင်နေပြီး ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသည့် ကျေးရွာများအတွက်လည်း ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ဒီရွာတွေမှာနေပြီး ဒီယာမြေတွေမှာ လုပ်ကိုင်စားလာတာပါ မန်းရေနံမြေဆိုတာ ၁၉၇၀ ခုနှစ်လောက်ကမှ တည်ရှိလာပြီး ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်မှာ ဘာနစ်နာကြေးမှ မပေးဘဲ ရေနံတွင်းတွေ တူးခဲ့တာ အခုကျတော့ ကိုယ့်ရွာနဲ့ တစ်ဆက်တည်းမှာ တဲလေးဆောက်ပြီး သစ်၊ ၀ါးရောင်းတာကို ပုဒ်မ ၁၄၄ နယ်မြေလို့ သတ်မှတ်ပြီး ကန့်ကွက်နေတော့ မူလပိုင်ရှင်ကတောင် ကန့်ကွက်ရမှာကို သူတို့က ပြောင်းပြန်လို ဖြစ်နေတယ်” ဟု မင်းဘူးမြို့နယ် မယ်ဘေ့ဖကုန်းကျေးရွာမှ တောင်သူဦးအောင်ကိုလတ်က ဆိုသည်။
ထိုသို့ လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်များ မရရှိသောကြောင့် တောင်သူအချို့မှာ နိုင်ငံတော်မှ ထုတ်ချေးပေးသည့် သီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ယူခွင့် မရကြကြောင်း ယခင်က ရေနံတွင်းနှင့် ပေ ၅၀ ပတ်လည် အကွာအဝေးထိ သီးနှံစိုက်ပျိုးခွင့် ရခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ရေနံတွင်းများနှင့် ပေ ၁၀၀ ပတ်လည် အကွာအဝေးအတွင်း သီးနှံမစိုက်ပျိုးရန် ကန့်သတ်မှုများ ရှိလာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ မန်းရေနံမြေစုပေါင်းရုံး တာဝန်ရှိသူများထံ The Daily Eleven သတင်းစာက မေ ၃၁ ရက် တွေ့ဆုံမေးမြန်းခဲ့သော်လည်း တာဝန်ခံ ဖြေကြားနိုင်မည့် မန်နေဂျာမှာ ခရီးထွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် မန်းရေနံမြေ အထွေထွေမန်နေဂျာ ဦးမြင့်ဆွေထံ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တစ်ကြိမ်သာ ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကိုင်သူက မန်နေဂျာမှာ ဂေါက်ရိုက်နေကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိ မန်းရေနံမြေကို MOGE ဌာနနှင့် ပြည်တွင်းအခြေစိုက် MPRL ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိကြောင
ပုဒ်မ ၁၄၄ နယ်မြေအဖြစ် သတ်မှတ်ခံရထားသော နယ်မြေအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
Aye Chan Mon Credit To: Eleven Media Group
https://www.facebook.com/
http://
Post a Comment