By ဒီဗွီဘီ
အင်္ဂလန်အသင်းရဲ့ကစားသမား ဝိန်းရူနီဟာ သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာကနေတဆင့် အင်္ဂလန် အသင်းရဲ့ ပရိသတ်တွေကို အင်္ဂလန်အသင်းကမ္ဘာ့ဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရတဲ့ အတွက် ဝမ်းနည်းရကြောင်းနဲ့ သူတို့ရဲ့ အသင်းဟာ အလုပ်မဖြစ်ခဲ့ကြောင်း ၀န်ခံတောင်းပန်ခဲ့ ပါတယ်။
ကော့စ်တာရီကာအသင်းက အီတလီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အင်္ဂလန်တိုက်စစ်မှူး ဝိန်းရူနီက ဒီလိုမျိုးဖေ့စ်ဘုတ်ကနေ အင်္ဂလန်အသင်းရဲ့ပ၇ိသတ်တွေကို တောင်းပန်လိုက်တာပါ။
ကော့စတာရီကာအသင်းက အီတလီအသင်းကို အနိုင်ရရှိသွားခဲ့လို့ လက်ကျန်ပွဲစဉ် အနေအထားများအရ အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်ကနေ ၁၉၆၈ ခုနှစ်နောက်ပိုင်း ထွက်ခဲ့ရတာပါ။
Aye Chan Mon Credit To: DVB
http://www.ayechanmon-news1.com/

Post a Comment