By ဒီဗွီဘီ
တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မြို့မှာ ဇွန်လ ၂၁ ရက်နေ့က ကိုရီးယားစစ်သားတဦးက ပစ်သတ်လို့ အခြားကိုရီးယားစစ်သား ၅ ဦးသေဆုံးသွားပြီး စစ်သား ၇ ဦး ဒဏ်ရာရရှိသွားပါတယ်။
ကိုရီးယားစစ်တပ်ပြောခွင့်ရက မြောက်ကိုရီးယားနဲ့ နယ်စစ် ရှေ့တန်းတပ်ရင်းတခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဘာကြောင့်ပစ်ခတ်ရတယ်ဆိုတာ အသေအချာ မသိရှိသေးဘူးလို့ ဇွန်လ ၂၂ ရက်နေ့က ပြောဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ စစ်သားဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး နောက်ထပ်ပစ်ခတ်မှုတွေ မဖြစ်အောင် အမြန်ဆုံး ဖမ်းဆီးနိုင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်လို့လည်း ပြောခွင့်ရက ပြောဆိုပါတယ်။
ကမ္ဘာပေါ်မှာ စစ်အင်အားအတောင့်တင်းဆုံးနိုင်ငံတခုဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ စစ်အင်အားချင်း ယှဉ်ဖို့ အရွယ်ရောက်သူ တောင်ကိုရီးယားအမျိုးသားအားလုံး စစ်မှုမထမ်းမနေရ ၂ နှစ် စစ်မှုထမ်းကြရပြီး တပ်အင်အား ၆ သိန်းကျော်ရှိပါတယ်။
ကိုရီးယားစစ်တပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲပေမယ့် စစ်မှုမထမ်းမနေရတွေဟာ စိတ်ဖိစီးကြပြီး အချင်းချင်းတွေပေါ် ပစ်ခတ်မှုတွေ၊ လက်နက်နဲ့တပ်ပြေးမှုတွေ ဖြစ်ခဲ့ဖူးတာတွေတော့ ရှိပါတယ်။
တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ အကြီးအကျယ် စစ်ဖြစ်ပွားခဲ့ဖူးပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ပဲ စစ်ပြေငြိမ်းထားတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။
ကိုရီးယားစစ်တပ်ပြောခွင့်ရ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Aye Chan Mon Credit To: DVB
http://www.ayechanmon-news1.com/

Post a Comment