0
ဘ၀ဆိုတာ ...
လှေနဲ့တူတယ်။

တစ်ချို့က စက်လှေ
ပဲ့ကိုင်ထားရုံပဲ ...။

တစ်ချို့က ရွက်လှေ
ရွက်လွှင့်သွားရုံပဲ ...။

တစ်ချို့က တက်လှေ ...
အားစိုက်လှော်မှ ရွေ့တယ်။

ဘယ်လှေအမျိုးအစားပဲဖြစ်ဖြစ်
ပေါက်နေတဲ့ လှေက ...
ခရီးမရောက်သလို နစ်မြှုပ်လွယ်တယ်။

ဒီလိုပဲ ...
အားနည်းချက်တွေ များနေတဲ့ လူဟာလည်း
မတိုးတက်နိုင်သလို ကျရှုံးလွယ်တယ် ...။

ဘ၀မှာ ...
မိမိကိုယ်ကို အမှန်အတိုင်း မြင်ပါ ...
မိမိကိုယ်ကို မညှာတမ်း ဝေဖန်ပါ ...
မိမိလိုအပ်ချက်တွေကို ပြုပြင်ပါ ...။

မြ၀ဏိုးစံ(ပေါင်းတည်)

Aye Chan Mon Credit To: စာပေဥယျာဉ်
http://www.ayechanmon-news1.com/

Post a Comment

 
Top