ကမ္ဘာ့ဖလားအုပ်စု(ခ)မှ ချီလီနှင့်စပိန်တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ စပိန်သည် ချီလီအသင်းကို (၂-၀)ဂိုးဖြင့် ရှုံးနိမ့်ပြီးအုပ်စု အဆင့်မှထွက်ခဲ့ရသည်။
စပိန်အသင်းသည် အင်နီယေစတာ၊ ပတ်ဒရို၊ ဘက်စကွက်စ်၊ ဂျော်ဒီအယ်လ်ဘာ စသည့် ဘာစီလိုနာ ကစားသမားအများစုနှင့် ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် ချိတ်ဆက်ကစားရန် ရုန်းကန်ခဲ့ရသည်။ ချီလီအသင်းမှာ နောက ခံလူ(၅)ဦးအထိအသုံးပြုခဲ့ပြီး ခံစစ်ကိုအထိုင်ချကာ အလက်ဆစ်ဆန်းချက်ဇ်၊ ဗားဂတ်စ်၊ ဗီဒယ်လ်တို့၏ တန်ပြန်တိုက်စစ်ဖြင့် စပိန်အသင်းကို တုံ့ပြန်ကစား ခဲ့သည်။
စပိန်အသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့်ကစားနိုင်ခဲ့သည်မှလွဲလျှင် ထိရောက်သည့်တိုက်စစ်ဆင်မှုမပြုလုပ်နိုင်ခဲ့ပေ။ ရရှိသည့်အခွင့်အရေးတချို့ ကိုလည်း ဒီယေဂိုကော်စတာ၊ အလွန်ဆိုတို့က ဖြုန်းတီးပစ်ခဲ့သည်။ ချီလီအသင်း မှာ ရရှိသည့်အခွင့်အရေးအနည်းငယ်ကို အပိုင်အသုံးချကာ အနိုင်ရလဒ်ကိုရယူ သွားခဲ့ခြင်းဖြစ်သည်။ ချီလီအသင်းအတွက်ဂိုးများကို ပွဲချိန်(၂၀၊ ၄၃)မိနစ်တို့တွင် ဗားဂတ်စ်၊ အရန်ဂွီဇ်တို့က သွင်းယူသွားခဲ့သည်။
လက်ရှိချန်ပီယံစပိန်အသင်းမှာ အုပ်စုပွဲ(၂)ကစား (၂)ပွဲရှုံးနိမ့်ပြီး၊ အုပ်စုတွင်း ပြိုင်ဘက်များဖြစ်သည့် ဟော်လန်၊ ချီလီတို့က (၂)ပွဲကစား (၂)ပွဲနိုင် (၆)မှတ် ရယူနိုင်ခဲ့ကြသဖြင့် သြစတြေးလျအသင်းနှင့်အတူ အုပ်စုအဆင့်မှထွက်ခဲ့ရသည်။
သို့ဖြစ်ရာ စပိန်အသင်းသည် အုပ်စုအဆင့်မှထွက်ခဲ့ရသည့် (၄)သင်းမြောက် လက်ရှိချန်ပီယံအသင်းဖြစ်လာခဲ့သည်။ ယခင်က အုပ်စုအဆင့်မှထွက်ခဲ့ရသည့် လက်ရှိချန်ပီယံအသင်းများမှာ အီတလီ(၁၉၅၀၊ ၂၀၁၀)၊ ဘရာဇီးလ်(၁၉၆၆)၊ ပြင်သစ်(၂၀၀၂)တို့ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ဖလားတွင် လက်ရှိချန်ပီယံအသင်း အုပ်စုအဆင့်မှထွက်ခဲ့ရခြင်းမှာ အီတလီ(၂)ကြိမ်၊ ဘရာဇီးလ်(၁)ကြိမ်၊ ပြင်သစ်(၁)ကြိမ်၊ စပိန်(၁)ကြိမ်နှင့် စုစုပေါင်း(၅)ကြိမ် ရှိသွားခဲ့ပြီလည်းဖြစ်သည်
ပွဲရလဒ်
အိမ်ပြန်စောခဲ့သည့် စပိန်ကစားသမားများ (Photo: AFP)
ACM Re-Post 19-6-2014
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment