0

ACM Re-post 16-6-2014
Flower News Journal အတွဲ(၁၀) အမှတ်(၂၃)

ကောင်းထက် ၊ ရန်ကုန်၊ ဇွန် ၁၃-

သံဃာတော်များအတွက်ဟုဆိုကာ အထက်ဌာနမှခိုင်းသဖြင့် မိမိယာဉ်လိုင်းမှ ကားခြောက်စီး အား စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပေါ်ခဲ့သောကိစ္စအရပ်ရပ် မထသ(အဝေးပြေး)အနေဖြင့်သာမက ရွှေစင်စင်္ကြာယာဉ် လိုင်းဘက်ကလည်း ကြိုတင်မသိရှိခဲ့ကြောင်းကို ဇွန် ၁၁ ရက် က ရန်ကုန်တိုင်းဒေသကြီး မထသ(အဝေးပြေး)မှ ဒုဌာနမှူး ဦးမျိုးဝင်းကပြောသည်။

''ယာဉ်လိုင်းတွေကလဲ ကျွန်တော်တို့ခိုင်းလို့ လုပ် ရတာ။ သူတို့လဲ တကယ်မသိပါဘူး။ ကျွန်တော်တို့လဲမသိ ဘူး။ ဒါကြောင့် ယာဉ်လိုင်းကို ပြည်သူတွေ ထင်ယောင် ထင်မှားဖြစ်မှာစိုးလို့ ကျွန်တော်ခိုင်းမိတဲ့အတွက် ပြောပေး တာ''ဟု ဦးမျိုးဝင်းက ပြောသည်။

ဇွန် ၁ဝ ရက် ညနေတွင် တိုင်းသံဃနာယကသို့ ကားခြောက်စီးပို့ပေးရန် ညွှန်ကြားချက်ကြောင့် သံဃာတော် များစီးနင်းရန်အတွက် သဘောရိုးဖြင့် ထင်မြင်မိပြီး ရွှေစင် စင်္ကြာယာဉ်လိုင်းကို အကူအညီတောင်းရာ ကားလေးစီးကူ ညီပေးခဲ့ပြီး အောင်စစ်ခိုင်နှင့် တိုးရတနာယာဉ်လိုင်းတို့မှ လည်း တစ်စီးစီ အသီးသီးအကူအညီပေးခဲ့ကြောင် ယင်းက ပြောသည်။

''ဘယ်ကတောင်းတာလဲဆိုတော့ မထသ(ဗဟို) ဥက္ကဋ္ဌဖုန်းနဲ့ ဆက်ပြီးတောင်းတာမို့လို့ ပေးလိုက်တာ။ ဂဃ နဏပြောလိုက်မယ်။ အဲဒီည ၈ နာရီကို အဲယားကွန်းကောင်း ကောင်းနဲ့ ပထမကားလေးစီးပဲ တောင်းတာ။ နောက်ပြီး တော့မှ ကားခြောက်စီး၊ ရွှေစင်စင်္ကြာက လေးစီး၊ အောင် စစ်ခိုင်က တစ်စီး၊ တိုးရတနာက တစ်စီး။ ကျွန်တော်တို့တွေ လဲ ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တဲ့အတွက် ဘုန်းကြီးဆိုတဲ့အ တွက် ကားကောင်းကောင်းရှာပြီး ပို့ပေးတာ။ ဒီဇာတ်လမ်း တွေ၊ ဒီအကြောင်းတွေကိုလဲ ကြိုပြီးသိခဲ့တာ မဟုတ်ဘူး'' ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။

ဇွန် ၁ဝ ရက်ကဖြစ်ပွားခဲ့သည့် မဟာသန္တိသုခ ကျောင်းတော်ရှိ သံဃာတော်များအား သာသနာရေးဦးစီး ဌာနမှ လုံခြုံရေးအင်အားဖြင့်ခေါ်ယူပြီး ကျောင်းတော်အား ချိပ်ပိတ်ခဲ့သော ကိစ္စနှင့်ပတ်သက်၍ ရွှေစင်စင်္ကြာယာဉ် လိုင်းအနေဖြင့် စည်းကမ်းထိန်းသိမ်းရေး သံဃာများကို တင်ဆောင်ပို့ပေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်နှင့် အွန် လိုင်းစာမျက်နှာများ၊ ပြည်သူများအကြားတွင် ရွှေစင်စင်္ကြာ ယာဉ်လိုင်းသည် ဘာသာခြားပိုင်ဆိုသည်ဟူသော သတင်း များထွက်ပေါ်ခဲ့ခြင်းများရှိခဲ့ကြောင်း သိရသည်။

ရွှေစင်စင်္ကြာယာဉ်လိုင်းမှ တာဝန်ခံဖြစ်သူ ဦးဇော် ထွန်းနိုင်ကလည်း
''အင်တာနက်မှာကတော့ ကျွန်တော်တို့လိုင်းအနေနဲ့ပတ်သက်ပြီး မကောင်းပြောတာ ခံ နေရတာပေါ့။ ဒါမျိုးဖြစ်လာလိမ့်မယ်လို့လဲ အစ်ကိုတို့ ဘယ်လိုမှထင်မထားပါဘူး။ တစ် ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့လုပ်နေတာကို အရင်ကတည်းကလဲ သူတို့လိုအပ်လို့ ရှိရင် ကျွန်တော်တို့က လိုအပ်သလို ကားကိုထုတ်ထုတ်ပေးနေတာပေါ့။ မနက်ကျမှ အစော ကြီးသိလိုက်တာ။ သိတဲ့အချိန်မှာလဲ ဒီလိုကိစ္စကြီးဖြစ်တယ်။ ကိုယ်လဲမထင်ဘူး။ နောက် ပြီး အပြင်မှာထွက်ပေါ်နေတဲ့ ကျွန်တော်တို့ကို ဘာသာခြားလိုင်းတို့ ဘာတို့ကိုကြားရတာ လဲ စိတ်မကောင်းဘူးပေါ့''ဟု ပြောသည်။

ယင်းက မထသ(အဝေးပြေး)မှ သံဃာတော်များစီးနင်းရန်အတွက် အကူအ ညီတောင်းခံခဲ့မှုကြောင့်သာ စေတနာဖြင့် ကူညီခဲ့ခြင်းဖြစ်ပြီး ရွှေစင်စင်္ကြာယာဉ်လိုင်းဘက် မှ မည့်သည့်ကိစ္စကိုမျှ ကြိုတင်မသိရှိခဲ့ကြောင်း ပြောသည်။

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top