0


Telenor မှ ယခုနှစ် အောက်တိုဘာလတွင် ဆင်းမ်ကတ် သန်း (၃၀) အား စတင် ရောင်းချတော့မည် ဖြစ်သည်။ အဆိုပါ ဆင်းမ်ကတ် တစ်ခုလျှင် (၁၅၀၀) ကျပ်နှင့် ပြောဆိုခကို တစ်မိနစ် (၂၅) ကျပ်နှုန်း အကြမ်းမျဉ်း သတ်မှတ် ထားကြောင်း Telenor မြန်မာမှ သိရသည်။
““ဆင်းမ်ကတ် ရောင်းချရင်လည်း ကွမ်းယာဆိုင်တို့၊ စတိုးဆိုင် တို့မှာကို ၀ယ်ယူနိုင်အောင် စီစဉ်ထားတယ်။ ဈေးနှုန်း အတိအကျ ကိုတော့ နီးမှပဲ ထပ်ပြီး ထုတ်ပြန်သွားမယ်”” ဟု Telenor မြန်မာမှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။
လက်ရှိတွင် Telenor မှ မြန်မာနိုင်ငံ တွင် ပထမဆုံး Video Call ခေါ်ဆိုမှုကို အောင်မြင်ထားပြီး၊ ဆင်းမ်ကတ်များ ရောင်းချပါက မိုဘိုင်းနှင့် ဆက်စပ်နေသော ကဏ္ဍ အားလုံး ကိုလည်း ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀န်ဆောင်မှုများ ပေးနိုင်ရန် တာဝါတိုင် (၂၄၀၀) ခန့်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် တာဝါတိုင် (၈၀၀၀) ခန့်အထိ တိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
Telenor သည် မြန်မာနိုင်ငံတွင် ငါးနှစ် အတွင်း ပြည်သူ (၉၀) ရာခိုင်နှုန်း မိုဘိုင်းဖုန်း များအသုံးပြုနိုင် ရမည်ဟု ကတိပေးထားပြီး၊ ယင်းကဲ့သို့ အသုံးပြုနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်များ ချဲ့ထွင်သွားမည် ဖြစ်ကြောင်း Telenor မှ သိရသည်။
““ကျွန်တော်တို့လည်း အခု ပြည်သူတွေ ကို ၀န်ဆောင်မှုပေးဖို့နဲ့ မိုဘိုင်းကွန်ရက်တွေ တိုးချဲ့ဖို့ ဂျပန် ကုမ္ပဏီ တစ်ခုနဲ့ ဒီလအတွင်း စာချုပ် ချုပ်ဆိုတော့မှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် ပြည်ပ အော်ပရေတာ နှစ်ခုဖြစ်သည့် Telenor, Ooredoo တို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ တို့ကလည်း ပြည်သူများကို အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနိုင်ရန် ယှဉ်ပြိုင် လုပ်ကိုင်လျက်ရှိသည်။

Aye Chan Mon# Credit To :Messenger News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top