0

မောင်မန်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်

Samsung ဖုန်းအသုံးပြုသူများအတွက် မိုဘိုင်းApplication များ၊ ဂိမ်းများ အခမဲ့ရယူနိုင်ရန်အတွက် Galaxy Stationများ ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့အတွင်း နေရာ ခုနစ်ခုတွင် ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု Samsung မှ အကြီးတန်း ဈေးကွက်ရှာဖွေရေးအရာရှိ ကိုသီဟလုလင်က မဇ္ဈိမကို ပြောသည်။

ကိုသီဟလုလင်က “ရန်ကုန်မြို့တွင်းမှာ Galaxy Station ခုနစ်ခုကို ထပ်ဖွင့်ပေးသွားပါမယ်။ အရင်တော့ သိမ်ဖြူနဲ့ လသာမှာရှိတဲ့ Samsung Brand Shop တွေမှာ ဖွင့်လှစ်ပေးထားတာပါ”ဟု ဆိုသည်။

အဆိုပါ Galaxy Station များတွင် မိုဘိုင်းဖုန်း Application များကို အခမဲ့ရယူနိုင်မည်ဖြစ်သော်လည်း အ သုံးပြုသူများဘက်မှ သိရှိမှုနည်းနေသေးသည်ဟု ၎င်းက ဆိုသည်။

“အသုံးပြုသူတွေဘက်က Application တွေကို Brand Shop တွေမှာ ၀ယ်နေရတယ်ဆိုတာမျိုးတွေ ပြန် ကြားနေရတယ်။ ဒါမဟုတ်ပါဘူး။ Galaxy Station တွေမှာ အခမဲ့ယူလို့ရပါတယ်”ဟု ဆိုသည်။

Galaxy Station များတွင်Applicationနှင့် မိုဘိုင်းဂိမ်း စုစုပေါင်း ၂၅၀ ခန့် ထည့်သွင်းပေးထားပြီးSamsung ဖုန်းများအားလုံးအတွက် အလွယ်တကူ အခမဲ့ ရယူနိုင်မည်ဖြစ်သည်ဟု ကိုသီဟလုလင်က ပြော သည်။ Galaxy Station များတွင်Application များ အခမဲ့ရယူနိုင်သည်ကို အသုံးပြုသူများ သိရှိမှုနည်းနေ ပြီး ပိုမိုထိရောက်စွာ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ယခုကဲ့သို့ Galaxy Station ခုနစ်ခု ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top