0


မိုဘိုင်းဖုန်းမှတစ်ဆင့် အွန်လိုင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အတွက် အာရှအွန်လိုင်းလုပ်ငန်းကုမ္ပဏီ Rocket Internet နှင့် ပူးပေါင်းလိုက်ပြီဟု ဆက်သွယ်ရေးကုမ္ပဏီ Ooredoo မှ သိရသည်။

အာရှတွင် အွန်လိုင်းမှဈေးဝယ်ခြင်း၊ ငွေလွှဲဝန်ဆောင်မှုပေးခြင်းစသည့် လုပ် ငန်းများ ဆောင်ရွက်နေသည့် Rocket Internet နှင့် နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် အာရှအင်တာ နက်ဝန်ဆောင်မှုကို ချုပ်ကိုင်နိုင်မည့် (Aisa Internet Holding) အကျိုးတူ စီးပွားဖက်များ ဖြစ်
လာ မည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ် ပိုင်နှင့် သြစတြေးလျနိုင်ငံများ အပါအဝင် Ooredoo ၏ ဈေးကွက် ၁၅ ခုတွင် အွန်လိုင်း လက်လီရောင်းချခြင်းက အစ ဈေး ကွက် ငွေပေးချေခြင်းဝန်ဆောင်မှုများအထိ လုပ်ဆောင်သွား မည်ဖြစ် ကြောင်း သိရသည်။

''ဒီစနစ်ဟာ မြန်မာပြည်အတွက် အမြတ်အစွန်းအသစ်များကို ဖော် ထုတ် နိုင်ဖို့အတွက် အူရီးဒူးရဲ့မဟာဗျူဟာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

ကာတာအခြေစိုက်ဆက်သွယ် ရေးကုမ္ပဏီ Ooredooသည် ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာနိုင်ငံ၏ တယ်လီကွန်းလိုင်စင် ရယူပြီးနောက် ၆ လအတွင်း မိုဘိုင်းဖုန်း ရောင်းချပေးသွား မည်ဟု ထုတ်ဖော် ပြောဆိုထားခဲ့ပြီး ဆင်းကတ် တစ်ကတ်လျှင် ကျပ် ၁၅ဝဝ တစ်မိနစ်ခေါ်ဆိုခ ၂၅ ကျပ်နှုန်းထက် မများသည့်နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးမည်ဟု သိရသည်။

လက်ရှိတွင် Ooredoo Myanmar သည် မိုဘိုင်းဖုန်းများ ရောင်းချနိုင်ရေး အတွက် ဝန်ထမ်း ၅ဝဝ ခန့်အပ်ပြီးတယ်လီကွန်းအခြေခံအဆောက်အအုံ များ တည်ဆောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် 3G ကွန်ရက်နှင့် ပိုမို ခေတ်မီသောကွန်ရက်များ ဖြန့်ကြက် မည်ဖြစ်ကြောင်း၊ ဖုန်းများ ဝယ်ယူမှုအတွက် ဈေးကွက်တွင် လျှောက်လွှာများ ဖြန့်ကြက်လျက်
ရှိကြောင်း ယင်းကုမ္ပဏီမှသိရသည်။

PN-052

Aye Chan Mon# Credit To :Popular Myanmar News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top