ကြယ်ပြာ| ကြာသာပတေးနေ့၊ မေလ ၈ ရက် ၂၀၁၄ ခုနှစ်
ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ဖမ်းဆီးထားသော အစိုးရ၀န်ထမ်း နှစ်ဦးကို ပြန်လွှတ်ပေးရန် ကြားခံအဖွဲ့ အစည်းတစ်ခုဖြစ်သော ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ PCG ကို မေလ ၇ ရက်က ဒုတိယအကြိမ် အကြောင်းကြား စာပေးပို့လိုက်သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်သိန်းက မဇ္ဈိမကို ပြောသည်။
မေလ ၃ ရက် နေ့လယ်က ကချင်ပြည်နယ်ရှိ ကချင်ချောင်းသာ အပန်းဖြေစခန်းသို့ သွားရောက်လည်ပတ် သော ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ စာရေးနှင့် ယာဉ်မောင်းတစ်ဦးကို KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“သူတို့ဖမ်းခံရတဲ့နေ့မှာတင် PCG ကို ကျွန်တော်တို့ ပြန်လွှတ်ပေးဖို့ စာပို့ခဲ့ပါတယ်။ ပြန်လွှတ်ပေးမယ်လို့ ပြောပေမယ့် ခုထိ မလွှတ်ပေးလို့ နောက်တစ်ကြိမ်ထပ်ပို့တာ”ဟု ဦးဇော်သိန်းက ပြောသည်။
ယင်းပြင် ဖမ်းထားသူနှစ်ဦးကို မေလ ၆ ရက်နောက်ဆုံးထား၍ ပြန်လွှတ်ပေးရန်၊ မလွှတ်ပါက စစ်ရေးအရ ဖြေရှင်းသွားမည် ဆိုသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် လက်မှတ်ထိုးထားသော အကြောင်းကြားစာကို မေလ ၅ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ လိပ်မူ၍ ကချင်ငြိမ်း ချမ်းရေးဖော်ဆောင် ရေးကော်မတီPCG ကိုပါ မိတ္တူပို့ခဲ့သည်ဟုPCG က အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ် ဂျာက မဇ္ဈိမကို ပြောသည်။
ဦးလမိုင်ဂွမ်ဂျာက “၆ ရက်နေ့ကို မလွှတ်ပေးရင် စစ်ရေးအရရှင်းမယ်ပြောပေမယ့် ခုထိတော့ ဘာတိုက်ပွဲမှ မဖြစ်သေးပါ ဘူး။ KIA ကလည်း ဒီကိစ္စကို စစ်ဆေးနေပါတယ်။ပြန်လွှတ်ပေးမှာပါ”ဟု ပြောသည်။
PCG က အစိုးရ၀န်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးရန်ကို KIA အထက်အရာရှိပိုင်းသို့ အကြောင်းကြားထား ခဲ့ပြီးဖြစ်ကာ ပြန် လွှတ်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် ထိုဝန်ထမ်းနှစ်ဦးကို တမင်ဖမ်းဆီးခြင်း မဟုတ် ဘဲ KIA က ၎င်းတို့တပ်အတွင်းမှ ထွက်ပြေးလာသူများကို လိုက်လံဖမ်းဆီးရာတွင် ထိုသူနှစ်ဦး ပါဝင်သွား ခြင်းဖြစ်သည်ဟု တုံ့ပြန်ဖြေရှင်းခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်းအပြင် အစိုးရစစ်တပ်ဘက်ကလည်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ဖမ်းဆီးခဲ့သေးပြီး မေလ ၃ ရက်က ကချင် ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝိုင်းကြီးကျေးရွာအနီး လဂတ်ယန်ဒုက်္ခသည်စခန်းမှ ဒုက္ခသည် ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သော်လည်း တစ်ဦးကို ထိုနေ့ တွင်ပင် ပြန်လည်ဖမ်းဆီးခဲ့ သည်။
Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment