KNU ဒုဥက္ကဌ နောစီဖိုးရာစိန်နှင့်အဖွဲ့ဟာ မေလ (၅) ရက်နေ့ နံနက် ၉ နာရီခွဲခန့်က မြောင်းမြမြို့ ရေတွင်းရေကန်ကျေးရွာရှိ ဦးစောဖူး ကျမ်းစာကျောင်းခန်းမှာ မြောင်းမြမြို့နယ်တွင်းရှိ ကရင်လူထုနဲ့တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ KNU ဒုဥက္ကဌ နောစီဖိုးရာစိန် “ငြိမ်းချမ်းရေးဆိုတာက အဖွဲ့နှစ်ဖွဲ့ထဲကပဲ စားပွဲပေါ်မှာ ထိုင်ပြီးဖြေရှင်းရမည့် ကိစ္စမဟုတ်ဘူး၊ ပြည်သူလူထုတွေအားလုံး နားလည်သဘောပေါက်ပြီးတော့ လက်ခံအကြံညာဏ်တွေပေးပြီး လုပ်ဆောင်ရမှာဖြစ်တယ်၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ နိုင်ငံတော်အစိုးရဟာ အခုချိန်မှာ အပစ်အခတ်ရပ်ဆဲမှု ခိုင်မာဖို့အတွက် ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်၊ နိုင်ငံရေးအရ ဆွေးနွေးမှုအဆင့်ကို မရောက်သေးပါဘူး၊ အဲ့ဒါကတော့ တဆင့်ပြီးတဆင့်လုပ်ဆောင်ဆွေးနွေးရမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
သတင်းဓာတ်ပုံ - သော်ဇင်မျိုး
Aye Chan Mon# Credit To :DVB TV News
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော် (8 photos)
Post a Comment