0


ရန်ကုန်၊ မေ ၁၂

နှစ်စဉ် သောက်သုံးရေ ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရသည့် ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ကို KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီက မေလ ၁၂ ရက်နေ့တွင် သောက်သုံး ရေသန့်ဘူးများ သွားရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါကောင်စီမှ လူမှုရေးတာဝန်ခံ ဗိုလ်မှူးစောနဂါးလေးက ပြောကြားသည်။

ဒလမြို့နယ်ရှိ ရှမ်းကန် ဘုန်းကြီးကျောင်းနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်ရှိ ဆိပ်ကမ်းလမ်း ကျေးရွာတို့သို့ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီက တည်ထောင်ထားသည့် ရန်ကုန်မြို့ အခြေစိုက် စောနဂါးလေး ဖောင်ဒေးရှင်းနှင့် အများပြည်သူ ကောင်းမှုပရဟိတ လူငယ်များအဖွဲ့တို့ ပူးပေါင်း၍ သောက်သုံးရေသန့် ၅ လီတာဘူး အလုံးရေ ၁၅၀၀ ခန့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ ဖောင်ဒေးရှင်းက သောက်သုံးရေ ရှားတဲ့ ဒေသကို အခုလို လှူတာ ပထမဆုံးအကြိမ်ပါ။ ဆက်ပြီး လှူသွားဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြို့နယ်များတွင် ရေတွင်းများ တူးဖော်ထားသော်လည်း သံဓာတ်နှင့် အခြားသော ဓာတ်များ ပါဝင်မှု မြင့်မားပြီး သောက်သုံး၍ မရသဖြင့် ကန်ရေကိုသာ အဓိက အားထားနေရကြောင်း ယင်းကြောင့် နှစ်စဉ် ရေရှားပါးမှု အခက်အခဲကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top