0


ဝိုင်းအောင်

နံနက်(၂)နာရီအချိန်ခန့်တွင် ဆိုင်ကယ်စီး၍ ခရီးသွားသူအမျိုးသားနှစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့်လူငါးဦးက လမ်းပိတ်ဆို့ပြီး လုယက်မှုတစ်ခု မကွေးမြို့၊ မြင်သာရပ်ကွက်၊ သစ္စာလမ်းနှင့် မဲထီးလမ်းထောင့်တွင် မေ ၇ ရက်က ဖြစ်ပွားခဲ့ပြီး ကာယကံရှင်များက အမှုဖွင့်ထားကြသည်။

ဖြစ်စဉ်မှာ မကွေးမြို့ တည်ဆောက်ရေး (၃) ဆည်မြောင်းဦးစီးဌာနမှ ကိုတင်ထွန်းအောင်နှင့် ကိုဝေလင်း ထွန်းတို့သည် နံနက် (၂)နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် အဝေးပြေးကားကွင်းမှ မဲထီးလမ်းအတိုင်း အ နောက်သို့စီးလာစဉ် သစ္စာလမ်းနှင့် မဲထီးလမ်းထောင့်အရောက် ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသား သုံးဦး၊ မ နှစ်ဦးတို့က လမ်းအလယ်၌ ပိတ်ဆို့တားဆီးခဲ့သည်ဟု ရဲဌာနက ကနဦး စစ်ဆေးရရှိထားသည်။

ကိုဝေလင်းထွန်းက ဆိုင်ကယ်ကို ရပ်တန့်ပြီး ဆင်းနေစဉ် လမ်းလယ်မှ အမျိုးသားသုံးဦးက ကိုဝေလင်း ထွန်း၏ မျက်နှာနှင့် ဦးခေါင်းတို့အား ၀ိုင်းဝန်းထိုးကြိတ်ပြီး ၎င်းနှင့်ပါလာသူ ကိုတင်ထွန်းအောင်၏ လက် တွင် ကိုင်ဆောင်ထားသော ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားသည်ဟု ဆိုသည်။

ပိုက်ဆံအိတ်တွင် ငွေကျပ် နှစ်သောင်းခုနစ်ထောင်ကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ယာဉ်မောင်း လိုင်စင်များ ပါသွားသည်ဟု ဆိုသည်။

ကိုတင်ထွန်းအောင်က ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားသဖြင့် ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေရာ နံနက် (၂း၃၀)နာရီအချိန်တွင် လုယူထွက်ပြေးသွားသူများကို ဧရာဝတီတံတားတွင် ဆိုင်ကယ်ဖြင့် စီးနင်းပြေး သွားသည့် မင်းဘူးမြို့၊ သစ်ချိုကုန်းရပ်နေသူများ အောင်မြင်သူ (၂၁)နှစ်၊ သက်မှူးအောင်(ခ) ချစ်သက်မှူး မောင်နှင့် မကွေးမြို့၊ အောင်မေတ္တာ (၁၂) လမ်းမှ မခြူးမြတ်သွယ်(၁၈)နှစ်တို့ သုံးဦးကို ဖမ်းဆီးခဲ့သည်။

၎င်းတို့ကို စစ်ဆေးချက်အရ မကွေးမြို့၊ ရန်နိုင်ရပ်ကွက်၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြားနေထိုင်သူ မသဲသဲ (ခ) ချစ်မင်းဦး (၁၈) နှစ်နှင့် မင်းဘူးမြို့ ရှမ်းစုရပ်နေသူ ဖြိုးသီဟကျော်(ခ) ကုလားလေး(၁၉)နှစ် တို့နှစ်ဦး မှာ ထွက်ပြေးသွားခဲ့သည်။

Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top