0

မြန်မာနိုင်ငံမှ Export Cargo များအား အမေရိကန်နိုင်ငံသို့ တိုက်ရိုက်တင်သွင်းခွင့် ရရှိရန် နှစ်နိုင်ငံမှ တာဝန်ရှိသူများ ယခုနှစ် အတွင်း ဆွေးနွေးကြမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆွေးနွေးရာတွင် အမေရိကန်မှ ပေးအပ်မည့် ကုန်သွယ်မှု၊ အထူး အခွင့်အရေး၊ GSP အား ယခုနှစ် အတွင်း ပြန်လည်ရရှိရန်လည်း အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညျွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပထမတစ်ခေါက် သူတို့ဘက်က လို အပ်တာတွေ မေးမြန်းမှုတွေ လုပ်ပြီးပြီး။ အခု ဒုတိယတစ်ခေါက်မှာ အမေရိကန် တာဝန်ရှိ သူတွေက ဒီနိုင်ငံကိုလာပြီး၊ ဆွေးနွေးကြမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ဘက် ကလည်း သူတို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီဖြစ်အောင် ဆောင်ရွက်ထားပါတယ် ဟု ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦးက The Messenger သတင်းစာသို့ ပြောသည်။ လက်ရှိ မြန်မာနိုင်ငံသည် Export Cargo များ တင်ပို့ရာတွင် ဟောင်ကောင်၊ တရုတ် စသည့် နိုင်ငံတို့မှ တစ်ဆင့် တင်ပို့နေရ၍ ကုန်ကျစရိတ် ပိုများသောကြောင့် တိုက်ရိုက် တင်ပို့ခွင့်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှ ပေးအပ်မည့် ကုန်သွယ်မှု အထူးအခွင့် အရေး GSP ရရှိပါက ပို့ကုန်အမည်ပေါင်း (၅၀၀၀) ကျော် ကို အကောက်ခွန်လွတ် တင်ပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။ GSP ရရှိရင် မြန်မာရဲ့ ဈေးကွက် က တစ်ကမ္ဘာလုံး အတိုင်းအတာကို ကျယ်ကျယ် ပြန့်ပြန့် သွားနိုင်တယ်။ ပြီးတော့ ပို့ကုန်လည်း နှစ်ဆလောက် တက်လာနိုင်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ဟာလည်း ပိုပြီး ဖွံ့ ဖြိုးလာမှာဖြစ် တယ် ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမှာ အာရှနိုင်ငံများကိုသာ အများဆုံး ကုန်သွယ် နေရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ ကန်ဒေါ် လာ ၂၄ ဒသမ ၈၆၈ ဘီလီယံရှိခဲ့ပြီး၊ ယင်းထဲတွင် တရုတ် နိုင်ငံဖြင့်သာ အများဆုံး ကုန်သွယ်ထားကြောင်း စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား ၁၉၇၄ ခုနှစ်တွင် ကုန်သွယ်မှု အထူးအရေး (GSP) ကို ပေးအပ်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်တွင် အဆိုပါ GSP ကို ပြန်လည် ရုပ်သိမ်းခဲ့သောကြောင့် ပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

Aye Chan Mon# Credit To :Messenger News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top