ရန်ကုန် မေ ၁၄
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း၌ လတ်တလောတွင် ကွန်ဒို တိုက်ခန်းများနှင့် လုံးချင်း အိမ်ရာများကို နိုင်ငံခြားသားများ ဝယ်ယူမှုနှင့် စိတ်ဝင်စားမှု မြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ် ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
မကြာသေးမီက ပြဋ္ဌာန်းလိုက်သည့် ဖြည့် စွက်အခွန်ဥပဒေ ကြောင့် အိမ်ခြံမြေ ဈေးကွက်များ ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ လက်ရှိတွင် တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းစသည့် နေရာများတွင် ဝယ်ယူလာကြကြောင်း၊ နိုင်ငံခြားသားများ အိမ်ရာဝယ်ယူမှုနှင့် အိမ်ခြံ မြေပိုင်ဆိုင်မှု ၂ဝ၁၃ ခုနှစ်မှစတင်၍ သိသာစွာ တိုးတက်လာကြောင်း သိရသည်။
ဖြည့်စွက်အခွန် ဥပဒေ ကြောင့် တိုက်ခန်းများ အရောင်းအဝယ် ပြုလုပ်ရာတွင် ဝင်ငွေအခွန် ပေးဆောင်ရ မည်ဖြစ်ကြောင်း ယင်းကဲ့သို့ တိုက်ခန်းအရောင်းအဝယ် ပြုလုပ်၍ အခွန်ပေးဆောင်ရာတွင် တရားဝင် ဝင်ငွေ ရလမ်း တင်ပြနိုင်လျှင် အခွန်ပေးဆောင်ရန် မလိုဘဲ တရားဝင်အခွန်ရလမ်း မတင်ပြနိုင်ပါက ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန် ဥပဒေအရ ၇ ရာခိုင်နှုန်းကိုလည်း ပေးဆောင်ရန် သတ်မှတ်ထား ကြောင်း သိရသည်။
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် သင်္ကြန်ကာလ နောက်ပိုင်းတွင် ပိုမို၍ အရောင်းအဝယ် ကောင်းမွန်လျက် သည်။ ထို့အပြင် ငှားရမ်းမှုများလည်း တိုးလာသည်။ ဈေးကွက်လေ့လာသူများ အနေဖြင့် အဆိုပါ အခွန် ဥပဒေကြောင့် မည်မျှအကျိုး သက်ရောက်မှု ရှိမည်ကို လေ့လာလျက် ရှိကြောင်း သိရသည်။
Aye Chan Mon# Credit To :မြ၀တီ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment