0

ACM Re-Post 26-5-2014

ရန်ကုန်− နိုင်ငံရေးပါတီ ၆၀ ကျော်ပါတီဌာနချုပ်ရုံးများ ဖွင့်လှစ်ရန် မြေနေရာရရှိရေးနှင့် တစ်ပါတီလျှင် မော်တော်ယာဉ်ငါးစီးနှုန်းဖြင့် အခွန်ကင်းလွတ်တင်သွင်း ခွင့်ရရှိရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

နိုင်ငံရေးပါတီ ၆၅ ပါတီအတွက် အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရုံးအဆောက်အအုံ(သို့) မြေနေရာရရှိရေးအတွက် သမ္မတရုံးသို့ မေလ ၂၂ ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ပြထားခြင်းလည်းဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီတွေအတွက် တင်ပြထားတယ်။ နိုင်ငံတော်သမ္မတ ရုံးကခွင့်ပြုလိုက်ရင် အဆင်ပြေမှာပါ’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အားတောင့်တင်း ခိုင်မာစေရန် ပြည်ထောင်စုတစ် ၀န်းလုံးတွင်ဖြစ်စေ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်အတွင်းဖြစ်စေ၊ ပါတီဝင်စည်းရုံးရေးနှင့် ပါတီ၏ မူဝါဒသဘောတရားရှင်းလင်း ရာတွင်လည်းကောင်း၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် လောင်းများ အနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးရာတွင်လည်းကောင်း အဆင်ပြေစေရေး အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ကိုတင်ပြရခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖော်ပြထားသည်။

မြေနေရာနှင့် မော်တော်ကားတင်သွင်းခွင့်ရရှိရန် ကြိုးပမ်း ပေးမှုသည် ဘဏ္ဍာငွေအကျပ်အတည်းရှိသော နိုင်ငံရေးပါတီများအတွက် ရပ်တည်နိုင်အောင် ဖန်တီးပေးသည့်အတွက် ကောင်းမွန်သည့် အချက်ဖြစ်သော်လည်း လက်ရှိနိုင်ငံရေးပါတီများထဲတွင် ရပ်တည်ချက်ကို ပြန်လည်ဆန်း စစ်ရမည့် ပါတီများလည်း ရှိနေသည့်အတွက် မော်တော်ကား တင်သွင်းခွင့်နှင့် မြေနေရာပေးမှု တို့အပေါ် အကောင်းမြင်နိုင်ရန် ခက်ခဲကြောင်း ရခိုင်အမျိုးသား ပါတီဗဟိုအလုပ်အမှုဆောင် ဦးမျိုးကျော်ကပြောသည်။

ထို့အပြင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံ ရေးပါတီအချို့၏ မဲဆွယ်စည်းရုံး မှုတွင် ကန့်သတ်မှုများရှိကြောင်း ကန့်ကွက်ထားသည့် ရွေးကောက်ပွဲဆိုင်ရာညွှန်ကြားချက်မူကြမ်း ကို နိုင်ငံရေးပါတီအများစု ထောက်ခံပါက အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားထားမှုများ လည်း ရှိသည်။

ယခုကဲ့သို့ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် မြေနေရာချထားပေးမှုများကို ခွင့်ပြုလိုက်ပါက အစိုးရအနေဖြင့် နိုင်ငံရေးပါတီ များကို စည်းရုံးခြင်းတစ်မျိုးဖြစ်နိုင်ပြီးရရှိလာမည့် ပါမစ်များကို နိုင်ငံရေးပါတီများက ကိုယ်ကျိုး အတွက် အသုံးချပါက လူထုက စောင့်ကြည့်နေသည်ကို သတိ ထားရမည်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဘဏ္ဍာရေးမှူး ကိုမြင့်အောင်က သုံးသပ်သည်။

အစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မော်တော်ယာဉ်တင်သွင်းခွင့်ပြုခဲ့မှုများနှင့် ပတ်သက်ပြီး ဝေဖန်ခံခဲ့ရမှုများလည်း ရှိခဲ့သည်။

နိုင်ငံရေးပါတီ ၆၅ ပါတီအတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ တင်ပြမှုကို သမ္မ တရုံးမှခွင့်ပြုပါက မော်တော် ယာဉ်အစီးယာဉ်ပေါင်း ၃၀၀ ကျော်ကို အခွန်ကင်းလွတ်ခွင့်ပြု ရမည်ဖြစ်သည်။

ပါတီရုံးခန်းနေရာအပါအ၀င် ပိုင်ဆိုင်မှု အင်အားအကောင်းဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ ကော့မှူးမြို့နယ် ရုံးအား တွေ့ရစဉ် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]

Aye Chan Mon Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top