ACM Re-Post 26-5-2014
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ မေလ ၂၅ ကနေ ၃၁ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ် သတ်မှတ်ကာ "ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး" စတင်လက်ခံနေပါပြီ။
မူလတန်းအဆင့်ကို အခမဲ့ပညာရေးလို့ ၂၀၁၂ခုနှစ်က စတင်သတ်မှတ်ပြီး ကျောင်းအပ်ခ၊ စာအုပ်ဖိုး ငွေကြေးတစုံတရာ ကောက်ခံခြင်း မပြုပဲ မူလတန်း ကျောင်းသူ ကျောင်းသားများအတွက် ထောက်ပံ့ကြေး ငွေကျပ်တထောင်စီ မိဘလက်ဝယ် ပေးအပ်ကြောင်း တရားဝင် နှိုးဆော်ကြေညာထားပါတယ်။
ဒါ့အပြင် အခုစာသင်နှစ်ကစတင်ပြီး အဌမတန်းအထိ အလယ်တန်းအဆင့်ကိုလည်း အခမဲ့ ပညာရေးလို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် တနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ သူငယ်တန်းကနေ အဌမတန်းအထိ ကျောင်းအပ်နှံခ၊ စာအုပ်ဖိုး ငွေကြေးတစုံတရာ ပေးစရာမလိုကြောင်း အစိုးရ ပညာရေးဝန်ကြီး တရားဝင် သတင်းထုတ်ပြန် ထားသလို ကျောင်းတွေမှာ အသိပေးစာ၊ နှိုးဆော်စာ၊ ဆက်သွယ်ရန်/ တိုင်တန်းရန် အချက်အလက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းတွေကို ကျောင်းအပ်နှံရေး သီတင်းပတ်အပြီး ဇွန်လ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အိမ်ခိုင်မြဲ
Aye Chan Mon Credit To:DVB TV News
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/ (4 photos)




Post a Comment