0


ဟင်္သာနီ (မွန်မြေ)ACM Re-Post 26-5-2014

စံခရပူရီ၊ မဇ္ဈိမ။ ။ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် ကာလ၌ ဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်း၍ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လျှင်
စစ်တပ်က တာဝန်ယူလိမ့်မည် မဟုတ်ဟု ကြည်းတပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်စုဝါရီက မေလ ၂၅ ရက်တွင် ကြေငြာခဲ့သည်။

ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသည့် အင်အားစုများ မြင့်တက်လာပြီး ဘန်ကောက် အပြင် ရှပ်နီ (တက်ဆင် ထောက်ခံသည့် အင်စားစု)များ အမာခံ နယ်မြေ ချင်းမိုင်ခရိုင်သို့ပါ
ပြန့်နှံ့ လာနေခဲ့သည်။

၎င်းဆန္ဒပြမှုကို စစ်တပ်က အင်အားသုံး၍ လူစုခွဲစေပြီး ဆန္ဒပြသူ အချို့ကို မေလ ၂၅ရက်က ဖမ်းဆီးထိမ်းသိမ်းမှု ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိသေးပေ။

လက်ရှိ ကာလသည် စစ်အုပ်ချုပ်ရေး ကာလအဖြစ် ကြေငြာထားပြီး ဖြစ်ရာ စစ်အုပ်ချုပ်ရေး ကာလ၌ လူသားချင်း စာနာမှု စံနှုန်း ဥပဒေများ အသက်ဝင်မည် မဟုတ်ဟုလည်း အာဏာသိမ်း အဖွဲ့က ကြေငြာထားသည်။

လက်ရှိအနေအထားတွင် ထိုင်းနိုင်ငံ၏ စစ်တပ် အာဏာသိမ်းမှုကို အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ကန့်ကွက်ထားပြီး ဒီမိုကရေစီ အရပ်သား အစိုးရသစ် အလျင်အမြန် ပေါ်ပေါက်လာရေး ဆောင်ရွက်ရန် ဖိအားပေးထားသည်။

ယခင် ထိုင်းနှင့် စစ်ဖက် မဟာမိတ် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် အမေရိကန် အစိုးရကလည်း ထိုင်းနှင့် စစ်ဖက်ဆက်ဆံရေး ခေတ္တ ဆိုင်းငံ့မည်ဖြစ်ပြီး အကူအညီပေးရေး၊ အတူတကွ သင်တန်း ပေးရေးနှင့်
ထိုင်း ရဲဘက်ဆိုင်ရာများနှင့် တွေ့ဆုံမည့် အစီအစဉ်၊ ထိုင်းမီးသတ် တပ်ဖွဲ့ဝင်များကို သင်တန်းပေးရေး တို့ကို ရပ်ဆိုင်း ထားမည်ဖြစ်ဟုလည်း အမေရိကန်က မေလ ၂၄ ရက်ကတည်းက ထုတ်ပြန်ထားသည်။

Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top