0


ဆေးခန်း၌ ယင်လုံအိမ်သာတစ်ခု ဆောက်ရာ အိမ်သာကျင်းတူးရန် အလုပ်သမား ရှာရ၏။ ထိုစဉ် ...
”ဦးဦး ဆရာဝန်ကြီး၊ကျွန်တော် အိမ်သာကျင်းတူးပါရစေ”
”မင်းအသက်ဘယ်လောက် လဲ”
”၁၅ နှစ်ပါ ဆရာဝန်ကြီး”
”မင်းကို အိမ်သာကျင်းတူးခိုင်းရင် ကလေးအလုပ်သမားကို ခိုင်းသလိုဖြစ်နေမှာပေါ့”
”ကလေးပေမယ့် အလုပ်လုပ်ရတော့မှာပါ ဆရာဝန်ကြီး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ သူဌေးသားမဟုတ်လို့ပါ။ဆင်းရဲသား ဖြစ်နေလို့ပါ”
”ဟိုက်”
သူ့ ကို လေးစားသွားပြီး အိမ်သာကျင်း တူးရန် အလုပ်ပေးလိုက်၏။
ကလေး ဖြစ်၍ မတော်တဆမဖြစ်ရန် သူအိမ်သာကျင်းတူးသော ဘေးမှာ နံနက်ခင်းတစ်ခုလုံး ထိုင်စောင့်ခဲ့ရ၏။ အမှန်မှာ လူကြီးကိုခိုင်းလျှင် အိမ်သာကျင်း တစ်ခုသည် ၁ဝ ပေ လောက် နက်ရမှာဖြစ်သော်လည်း သူ့ကို ခါးလယ်လောက်ပဲ တူးခိုင်းခဲ့သည်။ အိမ်သာကျင်းကို နက်နက်တူးခွင့်မရ၍ ပိုက်ဆံလျှော့ပေး ပါပြောသော် လည်း သူ့ကို ဂုဏ်ပြုသည့်အနေနှင့် လူကြီးကို ပေးသည့်နှုန်းဖြင့်ပေး ခဲ့ပါ၏။

ကျွန်တော်က ဆရာဝန် (MBBS) ဖြစ်သော်လည်းMBBS (UK) (G20) မဟုတ်။MBBS (Myanmar) (ဖွံ့ဖြိုးဆဲနိုင်ငံ) ဖြစ်ပါ ၏။UK က ဆရာဝန်တစ်ယောက် အမေရိကန်ကို ကမ္ဘာလှည့်အဖြစ်သွားပြီး ပင်လယ်ကမ်းမှာ အပန်း ဖြေတာမျိုးလုပ်၍ မရပါ။

ကျွန်တော် က အင်းလျားကန်စောင်းကိုသွား၍ အပန်းဖြေပါသည်။ အဲဒါက မိမိဘဝ ကို မိမိနားလည်ခြင်းဆိုတဲ့ ဒဿန ဖြစ်ပါသည်။ ဒီတော့ ဒဿနက ဒီ လိုပါ။ ‘
ဆင်းရဲသားဆိုတာ ဘဝကို နားလည်ရမယ်’ ဟု ဆိုချင်ပါ၏။ ထို့ကြောင့် ဆင်းရဲမွဲတေမှုပြဿနာ၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းပြဿနာကို အသိဥာဏ် ဖြင့် ရင်ဆိုင်နိုင်ပါ၏။

ကျွန်တော် မူလတန်းတုန်းက လက် ဖက်ရည်တစ်ခွက် ၂၅ ပြားဖြစ်ပြီး ယခုတော့ ကျပ် ၃ဝဝ ဖြစ်၍ ကုန်ဈေးနှုန်း အတက်ကြမ်းပုံကို ဆူနာမီလှိုင်း လုံးကြီးတွေနှင့် ကျွန်တော် နှိုင်း ယှဉ်လိုပါသည်။ သို့သော် ဆူနာမီလှိုင်းလုံးက ရှစ်ထပ်တိုက်တစ်ခုစာ လောက်မြင့်သည်ဆိုရာ သူ့ထက်မြင့်သော တောင်ကုန်းပေါ်မှာ ထိုင် နေသူကို မတိုက်ခိုက်နိုင်ပါ။

ဆူနာမီဆိုတဲ့ ကုန်ဈေးနှုန်းထက်မြင့်သော အရာကတော့ အသိဥာဏ်ဟူသော တောင်ကုန်းဖြစ်သည်ဟု ဆိုချင်ပါသည်။ အသိဥာဏ်ဟူသော တောင် ကုန်းပေါ်၌ ထိုင်နေသူသည် ဆူနာမီ ဟူသော ကုန်ဈေးနှုန်းကို ကြောက် စရာမလိုဟု ဆိုချင် ပါကြောင်း …

ဒေါက်တာထွန်းဝင်း
by Tin Maung Hlaing

ACM Credit To:ဘဝစာမျက်နှာ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top