0

ACM Re-Post 31-5-2014

ဒီနေ့မနက် သတင်းစာတစ်စောင်ကို ကောက်ကိုင်လိုက်တော့ ပြူးတူးပြဲတဲနဲ့ အရေးမပါတာကို အရေးအရာလိုလုပ်ပြီး ပြောသူတွေကပြော၊ ရေးသူတွေကလည်း မျက်နှာဖုံးတင်ပြီး ဖြဲလိုဖြဲ လုပ်ထားတာတွေ့လိုက်ရတယ်။ ဘာတဲ့ "ကျောင်းသားများ ရည်းစားမထားရ၊ အခြေခံကျောင်းများတွင် စည်းကမ်းချက်ထုတ်ပြန်" တဲ့။

အခြေခံပညာဦးစီးဌာနကနေ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေထဲမှာ ဆံပင်ဆေးမဆိုးရ၊ လက်ကိုင်ဖုန်းယူမလာရ၊ ရည်းစားမထားရဆိုတဲ့ အချက်တွေပါလာပြီး အဲဒီအချက်တွေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ပြောတဲ့ကျောင်း တွေကလည်း တရားဝင်ထုတ်ပြောနေကြတယ်။

ဖုန်းယူမလာရတို့ ဆံပင်ဆေးမဆိုးလာရဆိုတာတွေကို လက်ခံကောင်း လက်ခံနိုင်ပေမယ့် ရည်းစားမထားရဆိုတဲ့ အချက်ကို နည်းနည်းတော့ ပြောချင်တယ်။

အခြေခံပညာကျောင်းတွေကို အုပ်ချုပ်ကိုင်တွယ်နေတဲ့သူတွေနဲ့ ကျောင်းကဆရာ ဆရာမတွေကို တစ်ခုတော့ မေးချင်တယ်။ ပညာရေးလောကမှာ ခင်ဗျားတို့ တာဝန်ယူထားတာ ဘာရှိသလဲ။ တစ်ခုခုကို မလုပ်ရဘူးလို့ တားမြစ်တာ အမိန့်နဲ့ မရဘူး ဆိုတာ ခင်ဗျားတို့ကောင်းကောင်းသဘောပေါက်မှာပါ။ ရည်းစားမထားစေချင်ရင် ရည်းစားမထားနိုင်အောင် ခင်ဗျားတို့ ပညာ ပေးရမယ်။ ခင်ဗျားတို့ ကျောင်းသားတွေကို သူငယ်ချင်းစိတ်၊ အပေါင်းအသင်းစိတ်၊ မိသားစုစိတ်တွေနဲ့ ပူးတွဲ လုပ်ကိုင်တတ် အောင် လေ့ကျင့်သင်ကြားပေးရမယ်။ မိန်းကလေးနဲ့ ယောက်ျားလေးဆိုတာ ကျောင်းလာတက်တဲ့ အရွယ်မှာ လုပ်ငန်းခွင် တစ်ခုမှာ ပူးတွဲတာဝန်လာထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်စိတ်ဆိုတာတွေဝင်လာအောင် ခင်ဗျားတို့ လေ့ကျင့်ပေးရမယ်။ ခုတော့ ခင်ဗျားတို့ဘက်က လုပ်ပေးချင်တာတွေ၊ စီစဉ်ပေးချင်တာတွေ တစ်ခုမှ မရှိဘဲ၊ ဟိုဟာမလုပ်ရ၊ သည်ဟာမဟုတ်ရ ဥပဒေတွေ စည်းမျဉ်းတွေ ထိုင်ထုတ်နေမယ်ဆိုရင်တော့၊ မထူးပါဘူးဗျာ ကျောင်းကို ခေါင်းတုန်းတုန်းပြီး ယောဂီဝတ်လာရမည် လို့သာ ထပ်ဆင့် အမိန့်တွေထုတ်ပြီး လက်ထိပ်နဲ့ ကျောင်းလာခိုင်းလိုက်ပါတော့။

ကျောင်းသားတွေကို တံခါးလည်းဖွင့်ပေးပါ။ လေကောင်းလေသန့်လေးတွေလည်းရှူပါစေ။ လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ် အောင် လေ့ကျင့်ပေးပါ။ ဒီမိုကရေစီသဘောတရားကို နားလည်အောင် သင်ပေးကြပါ။ ထောင်ထဲထည့်ထားသလိုမျိုး ပညာသင် ပေးနေမယ်ဆိုရင်တော့ ကျွန်တော်တစ်ခုမေးချင်တယ်။ ယခုအမိန့်ထုတ်တဲ့သူတွေ ခင်ဗျားတို့ ကျောင်းသားဘဝမှာ ရည်းစား မထားခဲ့ဘူးဆိုတာ အာမခံနိုင်သလားလို့လေ။

ရည်းစားမထားရဆိုတာ အမိန့်ထုတ်နေစရာမလိုဘူးဗျ။ တစ်သက်လုံး ကျောင်းသားဘဝတွေမှာ နားလည်မှု၊ စောင့်ထိန်းမှုတွေ။ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတာ သောရိုးဆိုသူကပြောသွားဖူးတယ်။ ခင်ဗျား တို့ပြောလိုက်မှ၊ ရေးကြီးခွင်ကျယ်လုပ်လိုက်မှ သတိရပြီး ရည်းစားထားကြည့်ရအောင်ဆိုရင်တော့ ခင်ဗျားတို့တာဝန်ပဲ။ ရူးကြောင်ကြောင်အမိန့်ထုတ်ပြီးမှ ရည်းစားထားမှုနှုန်း ဘယ်လောက်တိုးတက်လာတယ်ဆိုတာ စစ်တမ်းကောက်တဲ့အဖွဲ့တွေ လိုက်ကောက်သင့်တယ်လို့ထင်တယ်။

ကျွန်တော်ကျောင်းသားတွေကို ရည်းစားထားဖို့ အားပေးအားမြှောက် လုပ်နေတာမဟုတ်ဘူး။ အမိန့်ဆိုတာတွေကို ထိုင်ထုတ်ပြီး ဘာမှမလုပ်တဲ့လူတွေကို ဆင်ခြင်နိုင်အောင် ပြောနေတာ။

Aye Chan Mon Credit To: http://www.maukkha.org/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top