စည်သူအောင်မြင့် ACM Re-Post 26-5-2014
ခုတစ်ပတ်အတွင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းမှာရော၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အင်န်ဂျီအို အသိုင်းအ၀ိုင်းတွေ အကြားမှာပါ ဂယက်ရိုက်သွားတဲ့ သတင်းတစ်ခုကတော့ ရန်ကုန်၊ ဗဟန်းရွှေတောင်ကြားထဲက ဗိုလ်ချုပ်ဟောင်း တစ်ယောက် ပိုင်တဲ့ခြံနဲ့ အဆောက်အအုံတွေကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့UNICEF က ရုံးခန်းအဖြစ် အသုံးပြုဖို့ တစ်လ ဒေါ်လာ ၈၇,၀၀၀၊ တစ်နှစ်ဒေါ်လာ တစ်သန်းကျော်နဲ့ ငှားရမ်းအသုံးပြုနေတယ်ဆိုတဲ့ သတင်းပါ။ ဧရာဝတီသတင်းဌာနက စပြီးဖော်ထုတ်လိုက်တဲ့ အဲဒီသတင်းနဲ့ ဆက်စပ်ပြီး ပြည်သူတွေ စိတ်ဝင်စားကြတာက ရန်ကုန်မှာ အိမ်ခြံမြေ ဈေးနှုန်းတွေ ဒီ လောက်တောင်တက်နေပြီလား၊ ဒါမှမဟုတ် UNICEF က ငှားထားတဲ့နှုန်းကပဲ သဘာဝမကျစွာ များနေသလား၊ ဗိုလ်ချုပ်ဟောင်းတွေ ဒီလောက်တန်ဖိုးရှိတဲ့ အိမ်တွေ၊ ခြံတွေ ဘယ်လောက်များ ပိုင်နေကြသလဲ၊ ဘယ်လိုနည်းနဲ့ ရလာကြသလဲ၊ မြန်မာပြည်မှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျရောကျဦးမှာလားစတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်းတွေ ဆွေးနွေးတင်ပြသွားပါ့မယ်။
အခု UNICEF က ငှားရမ်းထားတဲ့ခြံဟာ အမေရိကန်အစိုးရက နာမည်ပျက် စာရင်းသွင်းမထားတဲ့ အမျိုးသမီးတစ်ယောက်ပိုင်တယ်လို့
အဲဒီဗိုလ်ချုပ်တွေဟာ ရောင်းရင် ကျပ်ငွေ သိန်းပေါင်းသောင်းချီတန်တဲ့ အိမ်ခြံ မြေတွေ၊ ငှားရင် ခုလိုပဲ တစ်နှစ် ဒေါ်လာ သန်းဂဏန်းလောက်ရနိုင်တဲ့ အိမ်ခြံမြေတွေ၊ စက်မှုဇုန်က မြေကွက်တွေတင်မက တိုက်ခန်းအမျိုးမျိုး၊ တိုင်းနဲ့ ပြည်နယ်အနှံ့က မြေကွက်ပေါင်း မြောက်မြားစွာလည်း ပိုင်ဆိုင်ကြပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့မှာ အလွန်တန်ဖိုးကြီးတဲ့ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ၊ ရွှေတောင်ကြား ရွှေဝတ်မှုံအိမ်ရာ၊ ကမ္ဘာအေးဗီလာစတဲ့ နေရာတွေကတော့ ထင်ရှားပါတယ်။ ဗိုလ်ချုပ်တွေ တရားဝင်ရထားတဲ့ အိမ်ရာတွေပါ။
၁၉၈၈ စစ်တပ်က အာဏာသိမ်းစဉ်တုန်းကတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုဟာ ဘာမှသိပ်ရှိတာ မဟုတ်ပါဘူး။ အကြမ်းဖျင်းအားဖြင့် စစ်ဗိုလ်ချုပ်တွေဟာ အဲဒီအိမ်ခြံမြေတွေကို နည်းလမ်းသုံးသွယ်နဲ့ ပိုင်ဆိုင်လာတယ်လို့ ပြောနိုင်ပါတယ်။ ပထမ တစ်နည်းကတော့ အိမ်ခြံမြေ၊ တိုက်ခန်းတွေကို ကိုယ့်ဘာသာကိုယ် မတရားနည်းနဲ့ အရယူတာပါ။ မြို့သစ်ဖော်တယ်၊ ယူတယ်၊ စက်မှုဇုန်ဖော်တယ်၊ ဝေစုယူတယ်၊ ကွန်ဒိုဆောက်တယ်၊ ဝေစုယူတယ်၊ ဈေးဆောက်တယ်၊ ဝေစုယူတယ်၊ ၀န်ကြီးဌာနပိုင်တွေကို ဈေးပေါပေါနဲ့ ကိုယ့်ဘာသာကိုယ်ဝယ်ယူတယ် စတဲ့နည်းနဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ ဆိုင်ခန်းတွေ အများကြီးရကြပါတယ်။ မြေကွက်ရပြီးတော့လည်း လွယ်ပါတယ်။ ကိုယ်နဲ့လုပ်စားကိုင်စားနေတဲ့ စီးပွားရေးသမားတစ်ယောက်ယောက်ကို
နောက်တစ်နည်းကတော့ ရှေးဘုရင် ခေတ်ကလို မောင်လှယ်နှမလှယ်နည်းနဲ့ မြေကွက်တွေ၊ အဆောက်အအုံတွေရကြတာပါ။ တစ်နေရာမှာ စစ်တိုင်းမှူးလုပ်တဲ့ သူဟာ မြို့သစ်ဖော်ရင် သူ့ဘာသာသူ ယူရုံမက အခြားတိုင်းမှူးတွေကိုလည်း ဝေစုလှမ်းပေးပါတယ်။ စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေကိုလည်း ပေးပါတယ်။ နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ စစ်သံမှူးလုပ်သူတွေကိုတောင် ခွဲဝေပေးပါတယ်။ ဒီလိုပဲ အခြားတိုင်းမှူးတွေ၊ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း သူ့ကို ပြန်ပေးကြလို့ စစ်ဗိုလ်ချုပ် တစ်ဦးချင်းစီဟာ မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာ မြေကွက်ပိုင်၊ အိမ်ခြံပိုင်တွေ ဖြစ်နေကြတာပါ။ တချို့စစ်ဗိုလ်ချုပ်တွေဆို သူတို့ပိုင်ဆိုင်မှုအားလုံးကိုတေ
နောက်ဆုံးတစ်နည်းကတော့ အဂတိလိုက်စားမှုလုပ်လို့ ရလာတဲ့၊ လာဘ်စားလို့ရလာတဲ့ တရားမ၀င်ငွေတွေနဲ့ ၀ယ်ယူရင်းနှီးမြှုပ်နှံထားတာပါ။
မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး တကယ်လုပ်တော့မယ်၊ ရင်းနှီးမြှုပ်နှံမှုကို တကယ် ခွင့်ပြုတော့မယ်၊ တံခါးကိုတကယ် ဖွင့်တော့မယ်ဆိုတဲ့အခါ အိမ်ခြံမြေဈေးတွေက တရိပ်ရိပ်တက်၊ ပြဿနာကြီး တစ်ခုလို ဖြစ်နေတယ်ဆိုတာ အစိုးရအဖွဲ့ရော၊ နိုင်ငံတကာကလည်း သိကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ၀င်ရောက်လာနိုင်ဖို့ မြေဈေးတွေ ကျဆင်းအောင် လုပ်ရမယ်ဆိုပြီး အကြံတွေပေးကြပါတယ်။ လုပ်ဖို့ကလည်း လွယ်ပါတယ်၊ နိုင်ငံတကာ ကုမ္ပဏီတစ်ခုကိုခေါ် ရန်ကုန်အနီးနားပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုနိုင်တဲ့ မြေကွက်သစ်တွေ အမြောက်အမြားဖော် ထုတ်ရုံပါပဲ။ ထွက်လာတဲ့မြေကွက်ကို အစိုးရနဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်တဲ့
ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မြေဈေးတွေ ကျဆင်းစေမယ့် အဲလို စီမံကိန်းမျိုးတွေကို လက်ဖျားနဲ့တောင် သွားမတို့ရဲပါဘူး။ အကြောင်းရင်းကတော့ ဒီမြေဈေးတွေ ခေါင်ခိုက်နေတဲ့အပေါ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေမျိုးသားချင်းအားလုံးနီးပါးရ
Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment