0

ရန်ကုန်၊ မေ ၂၁

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြန်မာတစ်နိုင်ငံလုံး သတ်မှတ်ထားသည့် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်များကို ယခုဘဏ္ဍာနှစ် (၂၀၁၄−၁၅) အတွင်း ပြန်လည် ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်ရုံးချုပ်) ထံမှ သိရသည်။

လက်ရှိစံနှုန်း သတ်မှတ်ချက်များကို ပြင်ဆင်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံနှုန်း သတ်မှတ်ချက်များကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပြန်လည်တင်ပြရန် ယခုဘဏ္ဍာနှစ် အစ (ဧပြီလ) က တင်ပြစေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ကိန်းသေ မဟုတ်တဲ့အတွက် ပြန်ပြင်ဆင် သတ်မှတ်ဖို့အတွက် တင်ပြခိုင်းတာပါ။ ဘယ်တော့ နောက်ဆုံး တင်ရမယ်လို့တော့ သတ်မှတ်ပေးထားတာတော့ မရှိပါဘူး။ အမြန်ဆုံး တင်ရမယ်လို့တော့ ပြောထားပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်ရုံးချုပ်) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အိမ်၊ ခြံ၊ မြေ စံနှုန်းအချို့မှာ လက်ရှိ ပြင်ပပေါက်ဈေးထက် များပြားသည့် နေရာများပင် ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့က ပြောကြားသည်။

“ဒီတစ်ပတ်ထဲ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်မှာပါ။ အဲဒီက ခွင့်ပြုချက် ရတာနဲ့ ရုံးချုပ်ကို တင်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ပြင်ပပေါက်ဈေးနှင့် ကွာခြားသော မြို့နယ်များကို အဓိကထား ပြင်ဆင်မည် ဖြစ်ပြီး လျှော့သင့်သည့် နေရာများကို လျှော့ချ၍ တိုးမြှင့်သင့်သည့် နေရာများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေကြီး အတွင်းရှိ မြို့နယ်အလိုက် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်များကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများကို ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်းက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်၍ အဆိုပါ နှုန်းထား အချို့ ပြန်လည်ပြင်ဆင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ တင်ပြစေခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top