ညအခါ
လမသာလဲ…။
အမေစုမှာ အံကိုခဲ
လျှောက်နေရဆဲ…။
ညဟာ ဘယ်လိုပင်မှောင်မှောင်
အသည်းတော့မကြောင်
ဤလူ့ဘောင် သာယာရေး
ဘ၀ကိုပင်စတေး…။
သန်းခေါင်ထက်ညဥ့်မနက်ပါ
ယုံကြည်မှုနဲ့ချီတက်ရှာ
ဇွဲအရာမှာ ဧတဒဂ်
သွက်သွက်လက်လက်သူချီတက်
ရှေ့ဆက်မှန်းရည် လင်းလုပြီ
ဒီမိုကရေစီဆိုတဲ့ရောင်ခြည်လေး
ဆိုက်ရောက်တော့မှာမနှေး…။
တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၃၀ ၁၄)
Ye Myint တင်ပေးလာတဲ့ ဓါတ်ပုံကို
ကဗျာဖွဲ့ဆိုလိုက်ပါတယ်
Aye Chan Mon# Credit To : တက္ကသိုလ် ဘုန်းကြွယ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment