0

ဒီနေ့ ဒီအချိန် လယ်ဆုံးမြေဆုံး ပြည်သူတွေက မိမိတို့ ဆုံးရှုံးမှုအတွက် မတရားမှုအတွက် တိုက်ပွဲဝင်ကြတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်
နေကြတာပါ။ ဒါကို အာဏာရှင်တွေက လက်နက်သုံး အင်အားသုံးပြီး အကြမ်းဖက် ဖိနှိပ်တယ်။ အဲဒီအခါ တုံ့ ပြန်ရမှာပဲ ခုခံကာကွယ်ရမှာပဲ။ သက်ရှိလူသားတွေကိုး အသက်မဲ့နေတဲ့ ကျောက်ရုပ်ထုတွေ မဟုတ်ဘူး။

ဒီနေ့ မတရားသဖြင့် ဖိနှိပ်ခံနေရတဲ့ လူထုမှာ နောက်ထပ်ဆုံးရှုံးစရာ မရှိတော့ဘူး။ ရှိသမျှ ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းကို ဓားပြတိုက်ခံလိုက်ရပြီ။ ပစ္စည်းလည်းဆုံး လူလည်းထောင်ချခံကြရတယ်။ ဒီအခြေအနေမှာ မတရားသဖြင့် ဖိနှိပ်တဲ့အစိုးရကို ဆန့် ကျင် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိဘူး။ ဒီအခြေအနေကို တွန်းပို့ လိုက်တာလည်း အာဏာရှင်တွေသာ ဖြစ်တယ်။

တိုင်းပြည်ကို အသွင်ကူးပြောင်းရေးချီတက်နေပါတဲ့ဆိုတဲ့ အစိုးရမှာ
ငြိမ်းချမ်းစွာ ကိုယ်ချင်းစာတရားထားပြီး ဆင်းရဲသားနင်းပြား
လယ်သမားတွေအရေး ဆောင်ရွက်ပေးသင့်ပါတယ်။ဒီအခြေအနေကို လျစ်လျူရှူခဲ့ရင် တချိန်မှာ လယ်သမားထုအုံကြွပေါက်ကွဲမှုကြီး
ဖြစ်လာနိုင်ပါတယ်။

(Photos by Han Win Aung)

Aye Chan Mon# Credit To : Kyaw Swar Myint
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (4 photos)
2

Post a Comment

 
Top