★ သက်ရှိကိုပဲ ချစ်ချစ်
သက်မဲ့ကိုပဲ ချစ်ချစ်
ချစ်စိတ်ထင်ရှားပြီးဆိုတာနဲ့တပြိုင်နက်
ပူလောင်မှုဆိုတာလည်း
ထင်ရှားလာတော့တာပါပဲ။
★ သတိမရှိလို့ မသိကြရင်သာပါ။
ပူလောင်ရုံနဲ့ပြီးရောလား
ဆိုတော့မပြီးသေးပြန်ဘူး။
ကိုယ်ချစ်တဲ့ သက်ရှိသက်မဲ့ကို
ပိုင်ဆိုင်ဖို့အတွက်
ပင်ပန်းဆင်းရဲမှုတွေနဲ့ ရင်းနှီးရပြန်တယ်။
★ ပိုင်ဆိုင်ခံစားနေရတဲ့အချိန်မှာ
စိတ်ချမ်းသာတယ်လို့ထင်ရပေမယ့်
ခံစားခွင့်ရတဲ့အချိန်ကလေးက
မပြောပလောက်တဲ့ မဖြစ်စလောက်လေးပါ။
★ ခံစားခွင့်ပျက်ပြယ်သွားတဲ့အချိန်
ပိုင်ဆိုင်ခွင့်ဆုံးရှုံးသွားတဲ့အချိန်မှာ
ရင်ဆိုင်ရတဲ့ပူလောင်မှုနဲ့
ပင်ပန်းဆင်းရဲမှုတွေကလည်း
ခံစားရတဲ့ချမ်းသာနဲ့မကာမိအောင်
တနင့်တပိုး ကြီးမားလှပါတယ်။
(အရှင်ဆန္ဒာဓိက)
(စိတ်အားဖြည့်ဓမ္မနေခြည် စာ-၅၁)
Aye Chan Mon# Credit To : နှလုံးသားအာဟာရ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment