0


မြန်မာ့ကျွန်းသစ် ထုတ်လုပ်မှုတန်ပမာဏကို ယခု နှစ်အတွင်း တန်ချိန်ခြောက်သောင်းအထိသာ ခုတ်လှဲ သွားမည်ဖြစ်ကြောင်း
သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ဘဏ္ဍာနှစ်ကကျွန်းသစ်ကိုတန် တစ်သိန်း ခုနစ်သောင်းကျော်အထိ ခုတ်လှဲခဲ့ပြီး ယခု နှစ်မှစ၍ တန်ချိန်ခြောက်သောင်း အထိသာ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ပြည်ပသို့ သစ်လုံးတင်ပို့မှု ရပ်ဆိုင်း ခဲ့ရသည်အထိ သစ်တောများ ပြုန်းတီးမှု အဆမတန် များပြားလျက်ရှိပြီး တရားမဝင်သစ်ခိုးထုတ်မှုများ မြင့်တက်နေခြင်းတို့ကြောင့် လျှော့ချခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ခုတ်လှဲမှုမှရရှိသော သစ်များကို မြန်မာ့သစ်လုပ်ငန်းပိုင် သစ်စက် များနှင့် ပြည်တွင်းသစ်လုပ်ငန်းရှင်တို့ကိုသာ အိတ်ဖွင့်တင် ဒါစ နစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ သစ်လုပ် ငန်းသစ် အခြေခံစက်မှုဌာနမှ ဒုအထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။

''ကျွန်တော်တို့ဆီက သစ်စက်ပေါင်းသုံးဆယ် လောက် ရှိတယ်။ သူတို့ကို
လည်း လည်ပတ်နိုင်အောင် ကုန်ကြမ်းဖြည့်ပေးနေတယ်'' ဟု ၎င်းက
ပြောသည်။ ဆက်လက်၍ သဘာဝကပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက သစ်တောပြုန်း တီးမှုနှင့် ပတ်သက်၍ ''သစ်ကို ကြိုရောင်းထားတာတွေ
လုပ်တယ်။

ဒီတော့ အလျင် မီအောင် ခုတ်ပေးနေရတယ်။ ခုတ်တဲ့သူတွေက ပြန် စိုက်မယ်ဆိုလို့ မြေနေရာပေးတယ်။ ပြန်မစိုက်ကြဘူး'' ဟု ထောက်ပြသည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်နှင့် အခြားသစ်များ အပါအဝင် စုစုပေါင်း တင်ပို့ရောင်း ချငွေ ဒေါ်လာ ၉၄၇ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ
သိရသည်။

အောင်ဇော်ထူး
ACM Credit To:Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top