0


ခင်ဆွေသက် on 2014-05-24 13:08

တေးသံရှင် ချမ်းချမ်း ရဲ့ အိပ်မက်တေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၂၃.၅.၁၄) ရက်နေ့နေ့လည် ၁ နာရီ၊ စင်ထရယ်ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခွေနဲ့ပတ်သတ်ပြီး ချမ်းချမ်းက “ဒီအခွေလေးက ကိုယ်ပိုင်သံစဉ်လေးတွေ ကြီးပဲပေါ့နော်။ ချမ်းချမ်း အမျိုးသားက ဒီတတိယအခွေလေးကို ကိုယ်ပိုင်သံစဉ်လုပ်ဆိုလို့လုပ်ဖြစ်ခဲ့တာပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာက ကိုယ်ပိုင်သံစဉ် အရမ်းနည်းတယ်။ အဲဒါကြောင့် ဘ၀မှတ်တိုင်မှာ ကိုယ်ပိုင်သံစဉ် ထွက်ထားသင့်တယ်ဆိုတဲ့ စိတ်လေးနဲ့လုပ်ဖြစ်ခဲ့တာပါ။  မ အရမ်း ပင်ပန်းပါတယ်။ အသံသွင်းရတဲ့အချိန်တွေမှာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့လေ။ ဒီအခွေလေးကို ဒီနေ့စဖြန့်ဖြစ်တာက သမီးလေးရဲ့၎လပြည့်မွေးနေ့မို့လို့ပါ။ ဗီစီဒီကိုတော့ မရဲ့ မွေးနေ့ ၉လပိုင်း၎ ရက်နေ့မှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါရိုက်တာကတော့ကိုဘုဏ်းသိုက်၊ ကိုသုံးပေါင်၊ ကိုဖစ်လစ်တို့အများကြီးပါပဲ။ မသူငယ်ချင်းတွေလဲ ပါတယ်။ ခုရိုက်ထားပြီးသားကတော့ ၃ပုဒ်ပေါ့။ အဲဒါကတော့ မ သရုပ်ဆောင်ထားတာပေါ့။ မ အမျိုးသားကတော့ မအသံနဲ့လိုက်မဲ့သီချင်း လေးတွေပေါ့။ သူရွေးပေးတယ်။ အပုဒ် ၂၀လောက်တင်ပေးတယ်။ အဲဒီထဲကမှ ၁၅ပုဒ်ပြန်ရွေးပေးတာပေါ့နော်။ အဓိက ခေါင်းစဉ်လေးကို အိပ်မက်လို့ပေးဖြစ်ခဲ့တာက အိပ်မက်ဇာတ်ကားအတွက် theme song ရေးပေးဖို့တွက် စိတ်ပူပြီး တစ်နာရီလောက် အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ အဲဒီသီချင်းလေးကို စန္ဒယားတီးပြီး သီချင်းလေးဆိုနေတာ။ အိပ်မက်ဆိုပေမယ့် ကိုယ်ဆိုနေတဲ့ စာသားတွေအကုန်လုံးကလဲ တစ်ထပ်တည်းပဲ။ မက်ပြီးတော့ နိုးလာတဲ့ထိ အဲ့စာသားလေးက အလွတ်ရနေတယ်။ အဲဒါနဲ့တစ်ခါတည်း record လုပ်ပြီး အဲဒီသီချင်းလေးကို အဲဒီဇာတ်ကားထဲမှာ ချမ်းချမ်းနဲ့ဘုဏ်းသိုက်၂ယောက်ဆိုထားတာပေါ့။ ပြီးတော့ ဒီအခွေလေး ကျတော့မှ ကိုဟန်ထွန်းနဲ့တွဲဆိုပြီး title လေး ပေးဖြစ်ခဲ့တာပါ။ ဒီအခွေလေးက အခက်အခဲတွေလဲ အများကြီးရှိပါတယ်။ ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ အရမ်းလဲပင်ပန်းပါတယ်။ အားလုံးက ကိုယ်ပိုင်သံစဉ်ကြီးပဲဆိုတော့ ၁နှစ်ခွဲလောက် အချိန်ကြာသွားပါတယ်။ ဒါပေမဲ့ ချမ်းချမ်းကိုယ်တိုင်လဲ ပရိသတ်တွေ ရင်ထဲရောက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။”လို့ပြောပြပေးခဲ့ပါတယ်။

ACM Credit To:http://www.trend.com.mm
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top