ACM Re-Post 25-5-2014
ပါကစ္စတန် ၀န်ကြီးချုပ် နာဝစ်ဇ် ရှရစ်ဖ်က ပါကစ္စတန် နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ထောင်ဒဏ် ကျခံနေရသော အိန္ဒိယ အကျဉ်းသား တစ်ရာ ငါးဆယ့် တစ်ဦးကို လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။
နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် လွှတ်ပေးခဲ့ခြင်း ဖြစ်ရာ တင်းမာမှုများ ကာလရှည်ကာ ရှိခဲ့ကြသည့် နှစ်နိုင်ငံကြား ပြေလျော့မှုများ စတင်လာသည့် လက္ခဏာ ဖြစ်သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာသည့် နာရန်ဒရာ မိုဒီက မနက်ဖြန်တွင် နယူးဒေလီတွင် ကျင်းပမည့် ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ ပါကစ္စတန် ၀န်ကြီးချုပ်ကို တက်ရောက်ရန် ဖိတ်ကြားထားရာ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံကြဦးမည် ဖြစ်သည်။
ACM Credit To:BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment