0

ACM Re-Post 25-5-2014

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ ကလေးမြို့သို့ ထွက်လာသော ဖလမ်းသား လူစီးသီးသန့် Kinlong အမျိုးအစား မှန်လုံငယ်သည် မေ ၂၃ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့နှင့် ၂၇ မိုင်ခန့်အကွာ တီးတိန်မြို့နယ် ဟီရံဇိန်ကျေးရွာအနီးတွင် ချောက်ထဲ ထိုးကျမှုကြောင့် ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ “ဖြစ်စဉ်ဖြစ်တာက ဟားခါး - ကလေးလမ်းမကြီး တီးတိန်မြို့နယ် ဟီရံဇိန်ကျေးရွာ အထက်နားလေးမှာရှိတဲ့ မိုင်တိုင် ၂၇။ ၅ နဲ့ ၂၇။၆ ကြားမှာ ဖြစ်တာပါ။ ကားမှောက်တဲ့နေရာမှာတင် ပွဲချင်းပြီး သုံးယောက်သေတယ်။ ပေ ၁ဝဝ လောက်ရှိတဲ့ ချောက်ထဲ ကျသွားတာပါ။ ပထမကျတော့ သစ်ပင်နဲ့တိုက်တယ်။ အပင်က အမြစ်ကကျွတ်ထွက်သွားတယ်။ အဲဒီအချိန်မှာ ကားက တစ်ပတ်လည်သွားပြီး ခေါက်ချိုး ချိုးသလိုဖြစ်တော့ သေတဲ့သူ များတာပါ။ ကျွန် တော်တို့က ကားမှောက်ပြီး မိနစ် ၂ဝ လောက် အကြာမှာ ရောက်သွားတာပါ။ ဟီရံဇိန်ကျေးရွာမှာ ဆန်ပြုတ်လာသောက်တဲ့သူတစ်ယောက်က ဆိုင်ကယ်နဲ့ ထွက်သွားတဲ့သူတစ်ယောက်က ချက်ချင်းပြန်ရောက်လာပြီး ကားကျသွားလို့ ကူညီကြပါဦးလို့ ပြောလို့ ကားမှောက်တာ သိကြတာ”ဟု အဆိုပါ ကားမှောက်သည့်နေရာရောက်ခဲ့သူကို ထားသွောင်က ပြောကြားသည်။

အဆိုပါ ကားသည် ခရီးသည် ၁၂ ယောက် တင်ဆောင်ပြီး ဖလမ်းမြို့ လုံဘမ်းရွာမှ ကလေးမြို့သို့ ထွက်ခွာလာသော ဖလမ်းသားကားလိုင်းမှ မှန်လုံယာဉ်ငယ်ဖြစ်သည်ဟု သိရသည်။

“အဲဒီကားက ဖလမ်းသားဂိတ်က အော်ဒါလိုက်တဲ့ ကားပါ။ လုံဘမ်းရွာကနေ ထွက်လာတဲ့ ကားပါ။ ကား ဒရိုင်ဘာကလည်း ဖလမ်းသားပဲ”ဟု ဖလမ်းမြို့မှ ကိုလပြည့်က ပြောပြသည်။

“အခုတော့ ချောက်ထဲကျသွားတဲ့ကားကို ဆယ်ယူနေတယ်။ သေတာက ကားသမား အပါအဝင် ငါးဦးသေတယ်။ ဆေးရုံပေါ် ခုနစ်ယောက် တင်ထားရတယ်။ ကားဒရိုင်ဘာကလည်း သေသွားတာဆိုတော့ ဘာကြောင့် ကားမှောက်တယ်ဆိုတာ မသိရသေးဘူး”ဟု သိုင်းငင်းရဲစခန်း မှ တာဝန်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားသည်။

(ချောက်ထဲပြုတ်ကျသွားသော ခရီးသည်တင် မှန်လုံယာဉ်ငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- ကိုထားသွောင်))

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top