0

ACM Re-Post 25-5-2014
Written by: ဝေလင်း(ပြည်)

ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး ပြည်မြို့ န၀ဒေးတံတားအောက်တွင် သမီးရည်းစား စုံတွဲတစ်တွဲ လုယက်သတ်ဖြတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများအား တစ်နှစ်တစ်လ ပြည့်သည့်တိုင် ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်ခြင်း မရှိသေးသည့်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ရေး ဆန္ဒဖော်ထုတ်ပွဲကို မေ ၂၃ ရက်က ပြည်မြို့တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ပြည်မြို့မြင်းစီး ကျောက်ရုပ်မှ နံနက် ၉ နာရီတွင်စတင်ခဲ့ပြီး ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ရွှေတစ်ချောင်းလမ်း၊ လမ်းမတော်နှင့် အခင်းဖြစ်ပွားရာ န၀ဒေးတံတားအောက်တို့တွင် ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးပါ။ တရားဥပဒေအထက်တွင် မည်သူမှမရှိပါစေနှင့်။ အကြမ်းဖက်လုယက် သတ်ဖြတ်ခွင့်လိုင်စင် မည့်သူ့တွင်မျှ မှမရှိပါစေနှင့် အပါဝင်အခြား ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြကာ ၁၁ နာရီတွင်ဆန္ဒဖော်ထုတ်ပွဲကို အဆုံးသတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့က တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး အရပ်ဘက်အဖွဲ့စည်များ၊ နိုင်ငံရေးအင်အားစုများ၊ မြို့ခံစုစုပေါင်း ၂၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး ယနေ့ကြိမ်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးသည့်အပေါ် ဦးဆောင်စာတင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုပြည့်လွင်(ခ)ကိုဖြူဖွေးက “ကိုဇော်မင်းဦး အသတ်ခံရခြင်းဟာ ပထမအကြိမ် မဟုတ်ပါဘူး။ ငါးသည်မလေးလည်း အသတ်ခံခဲ့ရဖူးပါတယ်။ ဒီအမှုတွေ ကျူးလွန်ခွင့်ရနေတာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ အဓိကတာဝန်ရှိမယ်လို့ ကျွန်တော်ထင်တယ်။ သူကအရေးတယူနဲ့ တရားစွဲပေးမယ်ဆိုရင် ကျွန်တော်တို့ လုံခြုံမှုရှိလာမယ်လို့ထင်တယ်။ ပြည်မှာက လူသတ်မှုသုံးခုလောက် တရားခံမဖမ်းမိခြင်းဟာ အုပ်ချုပ်ရေးမှူးညံ့လို့ ဖြစ်နေတာပါ အလားတူ ဖြစ်ရပ်မျိုးတွေ မပေါ်ပေါက်စေချင်တော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ညဦးပိုင်းက တံတားအောက် သောင်ပြင်တွင် ထိုင်နေကြသည့် သမီးရည်းစားစုံတွဲအား အမျိုးသားသုံးဦးက အကြမ်းဖက်လုယက် သတ်ဖြတ်သွားခဲ့ပြီး ကိုဇော်မင်းဦးအား အခင်းဖြစ်ပွားရာ နေရာအနီး မြစ်ထဲတွင် သေဆုံးလျက်တွေ့ခဲ့ရပြီး မအိဇင်မိုးကိုမှာလည်း လက်စွပ်တစ်ကွင်း ချွတ်ယူသွားခြင်း ခံခဲ့ရကာ ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံသို့ပိုဆောင် ပေးခဲ့ရပြီးနောက် အနီးနားတွင် ပုန်းအောင်းနေသည့် ခ.လ.ရ ၇၅ မှ တပ်မတော်သားသုံးဦးကိုတွေ့ရှိ ဖမ်းဆီးခဲ့မိရာမှ မိခင်တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အကြိမ်ထိ တရားခံများအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။

“ဒီနေ့ဆန္ဒဖော်ထုတ်ပွဲ လုပ်နေကြရတာဟာ သမီးရည်းစားစုံတွဲလေး လုယက်သတ် ဖြတ်ခံခဲ့ရတဲ့အပေါ်မှာ ပြစ်မှုကျူးလွန်သူတွေဟာ တပ်မတော်သားတွေလို့ ယုံကြည်ပြီး သူတို့ကို အပြစ်ပေးအရေးယူပေးဖို့ တောင်းဆိုနေကြတာ ဖြစ်သလို အချိန်ကြာနေပေမယ့်လည်း မြို့ခံလူထုတွေက မမေ့သေးဘူးဆိုတာ ပြတာပါ။ နောက်တစ်ချက်က တာဝန်ရှိသူတွေကိုလည်း တာဝန်သိသိအရေးယူ ဆောင်ရွက်စေချင်တာလည်း ပါပါတယ်” ဟုဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် မြို့ခံတစ်ဦးက ပြောပြသည်။

ပြည်မြို့န၀ဒေးတံတားအောက်တွင် လုယက်သတ်ဖြတ်ခံခဲ့ရမှုအား တရားခံကို ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဆန္ဒဖော်ထုတ်နေစဉ်

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top