0

မကွေးမီဒီယာ ၊ မင်းဘူး၊ မေ ၃

ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မကွေးတိုင်းဒေ သကြီး မင်းဘူးမြို့သို့ မေ ၂ ရက်က ရောက် ရှိလာကာ တိုင်းဒေသကြီးအတွင်းမှ ဌာနဆိုင် ရာပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး အတွင်း တပ်ရင်းတပ်ဖွဲ့များမှ သိမ်းယူထား သည့်မြေများ တောင်သူများထံသို့ အမြန် ဆုံးပြန်လည်ပေးအပ်ရန် မှာကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဥပဒေချုပ်၊ စာရင်း စစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာအကြီးအကဲများနှင့် မင်းဘူးမြို့နယ် မန်း ရေနံမြေဧည့်ရိပ်သာခန်းမ၌ မေ ၂ ရက် မွန်း လွဲ ၁ နာရီက တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ က မကွေးတိုင်းဒေသကြီးအတွင်း တပ်ရင်း/ တပ်ဖွဲ့များမှ သိမ်းယူထားသော မြေများအား တောင်သူများထံသို့ အမြန်ပြန်လည်စွန့်လွှတ် ရေး၊ တိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူခရိုင် တွင် ၂ဝ၁၄ ခုနှစ် ဧပြီလအထိ တောင်သူများ ထံသို့ စိုက်ပျိုးမြေဧက ၆ဝဝဝ ပြန်လည်ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း ကျန်ရှိနေသည့် ခရိုင်များမှလည်း သိမ်းဆည်းထားသည့်မြေများအား ၂ဝ၁၄ ခုနှစ် မေလအတွင်း ပြန်လည်ပေးအပ်နိုင် ရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွား ကြရန်၊ ပြန်လည်လက်ခံမည့်တောင်သူများ အား ကျေးရွာမြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်မှ မူလတောင်သူ အ မည်စာရင်း မှန်မှန်ကန်ကန်ရရှိအောင် ဆောင် ရွက်သွားရန်နှင့် ပြဿနာဖြစ်ပွားလာပါက မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အဆင့် ဆင့်သို့ တင်ပြဆောင်ရွက်သွားရန် မှာကြား ခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲတွင် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်မှ ခရိုင်အ တွင်းရှိ ငဖဲမြို့နယ်တွင် မြန်မာ-တရုတ် ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း မှုကြောင့် ပြင်ပမြေစာကျသည့် ယာမြေများ အတွင်း တောင်သူများမှ မြေယာသီးနှံလျော် ကြေးရရှိရေးအတွက် တင်ပြမှုများ များပြား နေသည့်အတွက် ကုမ္ပဏီမှအမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးပါက မြန်မြန်ဆန်ဆန် ပြီး ပြတ်မည်ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

မင်းဘူးမြို့နယ် အထောက်အကူ ပြုကော်မတီဥက္ကဋ္ဌ ဦးသောင်းဟန်က မြို့ နယ်အတွင်း စီးပွားရေးတက္ကသိုလ် သင်ကြား ဖွင့်လှစ်ခွင့်ပြုရန်တင်ပြခြင်း၊ မင်းဘူးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကို ကိုအောင်မှ မြို့နယ်ရေပေးဝေရေး အဆင့် မြှင့်တင်နိုင်ရေးတင်ပြခြင်း၊ မင်းဘူးမြို့နယ် အထောက်အကူပြုကော်မတီ ဦးကိုလေးမှ မြို့နယ်ခန်းမ တည်ဆောက်ပေးရန် တင်ပြခဲ့ ကြောင်းသိရသည်။
---------------------------------------------------------------------------

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top