0


မောင်သင်တုန်း|ACM Re-Post 30-5-2014

မြန်မာ့စီးပွားရေးလုပ်ငန်းများကို အစုအဖွဲ့လိုက် လက်ဝါးကြီးအုပ်ဆောင်ရွက်မှုနှင့်ပြည်တွင်းပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှုအပေါ်မှာ မျှတမှုမရှိသော ပြိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်မှု ဥပဒေ (မူကြမ်း)ကို အမျိုးသားလွှတ်တော်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အဆိုတင်သွင်းလိုက်သည်။

“လက်ဝါးကြီးအုပ်တာတွေကို ဥပဒေနဲ့ ထိန်းသိမ်းသွားမှာပေါ့။ တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် အဆိုတင် သွင်းတာပေါ့။ လက်ဝါးကြီးအုပ်တာတော့ အတတ်နိုင်ဆုံး ဒီဥပဒေနဲ့ အရေးယူရမှာပေါ့” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

အဆိုပါဥပဒေကို အဆိုတင်သွင်းရ ခြင်းအကြောင်းမှာ အစုအဖွဲ့လိုက် လက်ဝါးကြီးအုပ်ချုပ် ဈေးကစား ဆောင်ရွက်ခြင်း၊ အများပြည်သူကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်နိုင်ရန်၊ မျှတမှုမရှိသော ပြိုင်ဆိုင်မှု ထိန်းချုပ်နိုင်ရန်နှင့် ဈေးကွက်အပေါ် ထိန်းချုပ်စွမ်းအား အလွဲသုံးစားပြုခြင်းများ ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်မှု ဥပဒေ အဆိုတင်သွင်း ခြင်းဖြစ်သည်။

“ဥပဒေနှင့်အညီခွင့်ပြုနိုင်ရန် စီးပွားရေးလုပ်ငန်းကြား ကန့်သတ်ထားတဲ့ သဘောတူညီချက်နဲ့ အစီအမံတွေ၊ အခြား ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတဲ့အတွက် လက်ခံဆွေးနွေးနိုင်ဖို့ တင်သွင်း ခြင်းဖြစ်ပါတယ်” ဟု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

ယှဉ်ပြိုင်မှု ဥပဒေမူကြမ်းတွင် အခန်း ၁၂ ခုအထိ ပါဝင်ပြီး အဆိုပါဥပဒေ အတည်ပြုပြီးပါက ကော်မတီတစ် ရပ်ဖွဲ့စည်း ရမည်ဖြစ်ပြီး ဥက္ကဋ္ဌသည် ပြည်ထောင်စုအဆင့် ပုဂ်္ဂိုလ်ဖြစ်ရမည်။ အဆိုပါအဖွဲ့ အစည်းသည် လွက်လပ်စွာဆောင်ရွက်ခွင့်ရှိသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည်ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top