ရန်ကုန်၊ ACM Re-Post 29-5-2014
၂၈.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် သုံးခွမြို့နယ်၊ အောင်ပန်းစိန်
ကျေးရွာနေသူများဖြစ်သည့် ကိုရဲဝင်းနိုင် (၂၈)နှစ်မောင်းနင်ပြီး
မစန်းစန်းဆွေ (၂၇)နှစ် စီးနင်းလိုက်ပါလာသော ၂၄ယ/---
KENBO-110 စိမ်းပြာရောင်ဆိုင်ကယ်သည် သုံးခွမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျလမ်းအတိုင်း အနောက်မှ
အရှေ့သို့ မောင်းနှင်နေစဉ် ပုံနှိပ်တိုက်ရှေ့အရောက် ယာဉ်မောင်း
(စုံစမ်းဆဲ)မောင်းနှင် လာသော BGO-1A---TE အစိမ်းရောင် ကုန်တင်ယာဉ်မှအရှိန်လွန်ကာ ဆိုင်ကယ်အား နောက်ဘက်မှ
တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်နောက်တွင်လိုက်ပါစီးနင်းသူ မစန်းစန်းဆွေမှာ ယာဉ်၏ရှေ့ဘီးနှင့် အတူတရွတ်တိုက်ပါသွား
ခဲ့သဖြင့် ခန္ဓာကိုယ်ကျိုးပဲ့ကြေမွဒဏ်ရာများရရှိကာ အခင်းဖြစ်
နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုရဲဝင်းနိုင်
တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။
ယာဉ်ကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သုံးခွမြို့မရဲစခန်း
ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Aye Chan Mon Credit To: Yangon Police
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment