ACM Re-Post 26-5-2014
ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာရှိတဲ့ စုံတွဲတစ်တွဲဟာ အသားအနာခံပြီး ထူးခြားတဲ့ စွန့်စားမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် (၂၃)နှစ် အရွယ်ရှိ မာရီယာနဲ့ အသက် (၂၄)နှစ် အရွယ်ရှိ ပက်ဗလိုတို့ဟာ သူတို့ရဲ့ကျောပြင်ပေါ်မှာ ချိတ်နှစ်ခုကို ဖောက်ပြီး ကြိုးတန်းနဲ့ ချိတ်ဆွဲကာ (၅၅၀)မီတာ ကွာဝေးတဲ့ နေရာကို ဖြတ်သန်းပြခဲ့ခြင်း ဖြစ်ပါတယ်။
ကျောပြင်မှာ ချိတ်နှစ်ခုကို ထိုးဖောက်ခဲ့တာမို့ ဒဏ်ရာရရှိခဲ့တဲ့ မြင်ကွင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ တစ်ချက်မှ တုန်လှုပ်သွားခြင်း မရှိပါဘူး။ ခန္ဓာကိုယ် အလေးချိန်ကို အရေပြားပေါ်မှာ ချိတ်ဆွဲသွားတဲ့ ချိတ်နှစ်ခုက ထိန်းသိမ်းထားရတာ ဖြစ်တာမို့ တစ်ချက်လွဲ ချော်သွားတာနဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ စွန့်စားခန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
Aye Chan Mon Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment