0
● အမေ
နေမင်းကြီးလိုပါပဲအမေ။
အားအင်ကုန်ခမ်း ဘဝနွမ်းတဲ့အခါ
စွမ်းအားတွေပေးတတ်တာ
အမေပါ။

● အမေ
လမင်းကြီးလိုပါပဲအမေ။
သောကရှုပ်ထွေး စိတ်မအေးတဲ့အခါ
မေတ္တာအစွမ်းဖြင့် အေးချမ်းစေခဲ့တာ
အမေပါ။

● အမေ
မဟာပထဝီမြေကြီးလိုပါပဲအမေ။
ရုန်းကန်လှုပ်ရှား ဘဝတွေယိမ်းယိုင်သွားတဲ့အခါ
အပြုံးမပျက် တည့်မတ်ပေးတတ်တာ
အမေပါ။

● အမေ
မီးလိုပါပဲအမေ။
ကိုယ်ကိုကိုယ်အလောင်ကျွမ်းခံ
သားသမီးဘဝအလင်းရဖို့ စွမ်းအားရှိသမျှ
ထွန်းညှိပေးနေတာ အမေပါ။

● အမေ
ရေလိုပါပဲအမေ။
ကောင်းသော ၊ ဆိုးသော
သိတတ်သော၊ မသိတတ်သော
အမေ့သား ၊ အမေ့သမီးများအတွက်
ဘယ်ခါမပျက် မေတ္တာပေးလို့အေးမြစေခဲ့တာ
အမေပါ ။

● အမေ
လေလိုပါပဲအမေ။
ဘဝရှင်သန်ဖို့် ခက်ခဲတဲ့အခါတိုင်း
အရိပ်ပမာအေးမြစေခဲ့တာ
အမေပါ။
အမေ
တစ်ကြိမ်ခေါ်လိုက်တိုင်း
ခွန်အားတစ်ကြိမ်ဖြစ်စေခဲ့တာ
အမေပါ။

- 【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Aye Chan Mon# Credit To :Young Buddhist's Association
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top