ACM Re-Post 25-5-2014
အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အနောက်ဘက်ကမ်းမြောင်ဒေသတွင် အစ္စရေးက တည်ဆောက်နေသည့် တံတိုင်းကြီးဆီသို့ ယနေ့ သွားရောက်ကာ ၀တ်ပြု ဆုတောင်းခဲ့ပါသည်။
သူက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက် ခေါင်းဆောင်များကို ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် အတူတကွ တောင်းဆု ပြုကြရန် ဗာတီကန်သို့ ဖိတ်ခေါ်ခဲ့ပါသည်။
အဆိုပါ ခရီးစဉ်နှင့် တိုက်ဆိုင်လျှက် ဘရပ်ဆဲလ်မြို့ရှိ ဂျုးပြတိုက်တွင် သေနတ်ပစ်ခတ်မှု မနေ့က ဖြစ်ပွားခဲ့ရာ ဂျုးလူမျိုးအချို့ သေဆုံးခဲ့ရပါသည်။
ဘယ်လ်ဂျီယမ်ရဲက သေနတ်သမားသည် သေချာစွာ ပြင်ဆင်လာပြီးမှ ပစ်ခတ်မှုကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သေနတ်သမား လွတ်မြောက်နေပြီး ပစ်ခတ်မှု၏ အကြောင်းရင်းကိုမူ မသိရသေးပေ။
ပဋိပက္ခများဖြင့် မငြိမ်မသက်ဖြစ်နေသော ယူကရိန်းနိုင်ငံတွင် ယနေ့ ရွေးကောက်ပွဲ ပြုလုပ်ပါသည်။ နိုင်ငံအရှေ့ပိုင်းရှိ ဒေသအချို့မှ မဲရုံများကိုမူ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါ။
ACM Credit To: BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment