0


ငတ်မွတ်ခေါင်းပါးမှု
ချွတ်ခြုံကျမှုတွေနဲ့
ခါးစည်းခံနေရတဲ့
တို့တစ်တွေ မညီညွတ်ရင် ... ။

အဆင်မပြေမှု
ကြွေးတင်မှုတွေနဲ့
နာကျင်နေရတဲ့
တို့တစ်တွေ မစည်းလုံးရင် ... ။

ခေါင်းပုံဖြတ်မှု
ကုပ်သွေးစုပ်မှုတွေနဲ့
စုတ်ပြတ်နေရတဲ့
တို့တစ်တွေ မပေါင်းဖက်ရင် ... ။

မတရား ညှဉ်းပမ်းမှု
မတရား ဖိနှိပ်မှုတွေနဲ့
ကျွန်အဖြစ် နွံနစ်နေတဲ့
တို့တစ်တွေ မကူညီ မရိုင်းပင်းကြရင်

“ဓနရှင်” တွေ ၊ “အာဏာရှင်” တွေ
ခေါင်းနင်းပြီး စော်ကားတာ ခံနေရဦးမယ်။ ။
(ကမ္ဘာ့အလုပ်သမားနေ့သို့)

မင်းငြိမ်းခ

Eternal Light Magazine
May 2014

ACM Credit To:Eternal Light Magazine
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
1

Post a Comment

 
Top