0

ပါးရိုက်ရင် နားကိုက်မယ်တဲ့
တို့ဘိုးဘွား ဆိုရိုးစကားရှိပါလျက်
ရက်စက်မှုတွေနဲ့ နေရာယူ
ဒီလူတွေ ဒီလေသံနဲ့
ဘယ်မှာကြာကြာခံမှာလဲ ... ။

လှိုင်းကြီး လှေအောက်တဲ့
ပန်းတိုင် မရောက်မီ
တက်မမြှောက်ကြစတမ်း
ကိုယ်မျှော်မှန်းတဲ့ ခရီးလမ်း
ကြမ်းပါစေ ရှေ့ဆက်စို့
တို့တစ်တွေ ရွှေလက်တွဲ
ဇွဲရှိဖို့တော့ လိုမယ် ... ။

ကောင်းလုပါပြီ
ကောင်းလုပါပြီဆိုနေတဲ့
ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ
ဘယ်နည်းနဲ့မှ ကြာကြာမခံဘူး။

ရန်လိုရင် ရန်ပိုသတဲ့
ရန်မလိုမှ ရန်ပြိုမှာ
အကြံတူသူတွေကိုစု
လူထုအားကိုယူ
တို့ပြည်သူတွေ လက်တွဲမဖြုတ်သမျှ
မုချအောင်ပွဲရမှာပါ ... ။ ။
မောင်ယဉ်မွန် (မောဝ်နေခြည်)

Eternal Light Magazine
May 2014

ACM Credit To:Eternal Light Magazine
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top