ACM Re-Post 28-5-2014
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်တွင် လွန်ခဲ့သော နှစ်လခန့်က ဖြစ်ပွားခဲ့သော အပ်ချုပ်ဗလီဝန်း အတွင်း လက်နက်များဖြင့် ဖမ်းမိခဲ့သော အမှုအား အာမခံပေးလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးမှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းဌေးက “ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေအရဆိုရင် ဒီပုဒ်မဟာ ဘယ်လိုမှ အာမခံပေးလို့ မရပါဘူး။ ဘာကြောင့် တရားသူကြီး အာမခံပေးတယ် ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ တရားခံက အမျိုးသမီး သော်လည်းကောင်း၊ ကျန်းမာရေးကြောင့် သော်လည်းကောင်း ခိုင်လုံတဲ့ အထောက် အထားတွေ ပြနိုင်ရင်တော့ အာမခံပေးလို့ ရပါတယ်”ဟု ပြောခဲ့သလို နောက်ထပ် ရှေ့နေ တစ်ဦးကလည်း “ပုဒ်မ ၁၉(စ) တစ်မှုတည်းနဲ့တောင် အာမခံပေးလို့ မရဘူး။ နောက်ပြီး ဥပမာ တစ်ခုပြောရရင် ရပ်ကွက်ထဲမှာ ဓားတစ်ချောင်းကိုင် သွားရင်တောင် အာမခံပေးလို့ မရပါဘူး။ အခုဒီအမှုကို တရားသူကြီးက ဘယ်လို အထောက်အထားတွေနဲ့ အာမခံပေးတယ်ဆိုတာ မသိပါဘူး”ဟု ပြောခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်၊ ၃၄ လမ်း/ ၃၅ လမ်းနှင့် ၈၃ လမ်းနှင့် ၈၄ လမ်းရှိ အပ်ချုပ်ဗလီဝင်း အတွင်း လက်နက်မျိုးစုံဖြင့် ဖမ်းဆီးမိခဲ့သော အမှုဖြစ်ကာ ဖမ်းမိခဲ့သော တရားခံ ရာရာ (ခ) ခင်မောင်ဌေးပါ ခြောက်ဦးအား ပုဒ်မ ၅၀၅နှင့် ပုဒ်မ ၁၉ (စ) စသည့် နှစ်မှုဖြင့် ချမ်းအေးသာဇံမြို့နယ် တရားသူကြီးမှ စစ်ဆေးလျက် ရှိသော်လည်း မေ ၂၃ရက်နေ့တွင် တရားခံများအား အာမခံ ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
“ဒီနိုင်ငံမှာက တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ ဟာသတစ်ခုလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာမခံပေးလို့ရတဲ့ အမှုတွေကို ကျတော့ အာမခံ မပေးဘဲ ထောင်ချပစ်တယ်။ အာမခံ အနေနဲ့ သရေကွင်းလို ဆန့်လိုက်၊ ကွေးလိုက် လုပ်နေတာဟာ တရားမျှတမှု မရှိပါဘူး” ဟု နိုင်ငံရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
Aye Chan Mon Credit To: Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment