★ လူဝတ်ကြောင်ရော
ရဟန်းသာမဏေရော
လူသားဆိုတဲ့
အခြေခံအားဖြင့်တော့
အတူတူပါပဲ။
★ ရဟန်းလည်းလူ လူလည်း
ရဟန်းလည်း လူပေါ့
လူချင်းတူပေ့မယ့်
ဘ၀ချင်းလုံးဝမတူပါဘူး။
★ လူဝတ်ကြောင်ဘ၀ထက်
ရဟန်း သာမဏေဘ၀က
ပိုပြီး အဆင့်မြင့်ပါတယ်။
ပုံဟန်သွင်ပြင်လည်း
အဆင့်မြင့်သလို
ကိုယ့်ကျင့်သီလလည်း
အဆင့်မြင့်ပါတယ်။
★ စည်းစိမ်ဥစ္စာ ရာထူးအာဏာစတဲ့
ပြည့်စုံမှုတစ်ခုခုကို
အကြောင်းပြုပြီး 'ဘ၀မြင့်' နေတဲ့
လူဝတ်ကြောင်တစ်ယောက်က
'ဘ၀မြင့်' တဲ့ ရဟန်းသာမဏေကို
ကိုယ်ထိ လက်ရောက်
နှုတ်ထိပါးစပ်ရောက် ပြစ်မှားရင်
ပြစ်မှားသူ လူဝတ်ကြောင်ပဲ
'ဘ၀နိမ့် ' သွားတတ်ပါတယ်။
★ ပစ္စုပ္ပန်ကောင်းကျိုး
ပျက်စီးသောအားဖြင့်လည်း
ဘ၀နိမ့်သွားတတ်သလို
အပါယ်လေးပါး
လားရောက်သောအားဖြင့်လည်း
ဘ၀နိမ့်သွားတတ်ပါတယ်။
(ဆရာတော် အရှင်ဆန္ဒာဓိက)
Aye Chan Mon# Credit To :နှလုံးသားအာဟာရ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment